စာရေးဆရာတွေပြောတဲ့ စာပေအနုပညာရဲ့ အစွမ်းသတ္တိ

တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပညာတတ် လူတန်းစားတွေ အများကြီးလိုအပ်ပါတယ်။ အသိပညာဖွံ့ဖြိုးတိုးတက်ဖို့၊ အတတ်ပညာတွေ ကြွယ်ဝဖို့အတွက် စာအုပ်၊ စာပေတွေဟာများစွာ အထောက်အကူပြုပေးနေတယ်ဆိုတာ စာအုပ်၊ စာပေဖတ်ရှုနေကြသူတိုင်း၊အကျိုးကျေးဇူးကို ခံစားဖူးကြသူတိုင်း သိရှိနိုင်ကြပါတယ်။

စိတ်အပန်းဖြေစရာ ခေတ်မီ ပစ္စည်းတွေ တွင်ကျယ် အသုံးပြုလာကြတဲ့အခါ မြန်မာနိုင်ငံမှာစာဖတ်အားနည်းသွား ကြတယ်ဆိုပေမယ့် စာဖတ်အလွန်နာ တဲ့လူတွေ၊ အရည်အချင်းပြည့်ဝတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ အတွေးအခေါ်၊ အယူ အဆ ကောင်းကောင်း တွေနဲ့ စာဖတ် ပရိသတ် အခိုင်အမာ ရယူထားနိုင်တဲ့ စာရေးဆရာ တွေလည်း ပေါ် ထွက်လို့
လာခဲ့ပါပြီ။

အဲဒီ့စာရေးဆရာတွေရဲ့ စာပေကို ချစ်မြတ်နိုးတဲ့စိတ်၊ စာရေးခြင်းကို ခင်တွယ်မှု၊ စာဖတ်ခြင်းက တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု၊ စာပေရဲ့ အကျိုး ကျေးဇူးတွေကို အခု လို ပြောပြပါတယ်။

► နေနော်

" စာပေလောက အခြေအနေ က ထိုးကျနေပါပြီ။သုတလိုင်းတို့၊ နိုင်ငံ ရေးစာပေဆိုလည်း သူ့ဈေးကွက်နဲ့သူ Trend တစ်ခုရှိတော့ သူတို့ကတော့ သွားလို့ရတယ်။ ရသစာပေဘက်က
တော့ ချွတ်ခြုံကျနေတယ်။ တော်တော် များများကလည်း ရပ်ထားကြတယ်။ ရသရေးတဲ့စာရေး ဆရာတွေကလည်း တခြား စီးပွားရေး လိုင်းရေးတာတွေ ဖြစ်ကုန်ကြတယ်။

လောလောဆယ် ကျွန်တော်လည်း စာမူတွေ ထုတ်ဖို့ ရှိပေမယ့် အကြောင်းကြောင်းကြောင့် ရပ်ထားရတာမျိုးတွေရှိတယ်။ စာအုပ် ထွက်ဖို့ကျတော့ လည်းအခက်အခဲတွေ ရှိနေတော့ အွန်လိုင်းပေါ် မှာပဲ ရေးဖြစ် တဲ့ သဘောဖြစ်နေတယ်။ ဒေါက်တာ သန်းထွန်းလည်း ပြောဖူးပါတယ်။ သမိုင်းဘာကြောင့်သင်လဲ၊
မအ အောင် သင်တယ်ဆိုတဲ့ သဘောလိုပါပဲ။

စာ ဘာကြောင့်ဖတ်လဲဆိုတော့ မနုံမအဖို့ ရယ်၊ နောက်တစ်ခုက စာဖတ်လိုက်တဲ့ အတွက် သူ့ရဲ့နှလုံးသားရော၊ ဦး နှောက်ရော အမြင်လည်း ကျယ်သွား တယ်။ ဖေ့စ်ဘုတ်မှာ စာရေးတော့ ဘာ သွားတွေ့လဲဆိုရင် ကလေးတွေက စာ မဖတ်တာမဟုတ်ဘူး။ အွန်လိုင်းမှာ အလွယ်တကူ တွေ့ရင်ဖတ်တယ်။ သူ တို့ရှေ့ကို အလွယ်တကူရောက်ဖို့ဘယ် လိုလုပ်ကြမလဲဆိုတာကို
ဝိုင်း စဉ်းစား ကြရမှာပေါ့။

အခုဆိုလည်း တကူးတက စောင့်ဖတ်တဲ့လူငယ်တွေလည်း တွေ့ပါ တယ်။ သူတို့မဖတ် ချင်တာမဟုတ်ဘူး။ သူတို့ ပတ်ဝန်းကျင်နဲ့ အဆင်မပြေတာ။

သူတို့မှာနေ့စဉ်ထိတွေ့နေတာက ဖေ့စ် ဘုတ်ပဲဖြစ်မယ်။ တီဗီဖြစ်မယ်။ အဲဒီလို ဖြစ်နေတော့ ပုံနှိပ်မီဒီယာက သူတို့ နဲ့နည်းနည်းလေးများ လွဲနေသလား။ အဲဒါကို ကျွန်တော်တို့တွေ ဘယ်လို လုပ်ကြမလဲ။ စာကြည့်တိုက်တွေက တော့ ရပ်ကွက်တိုင်းမှာရှိတယ် ပြော တာပဲ။ မနေ့ကဖွင့်ပြီး နောက်နေ့ ပိတ် လိုက်တာမျိုးတွေပေါ့။ဘယ်သူမှလည်း ငှားမရဘူး။ တကယ်ဖြစ်မြောက်တဲ့ စာကြည့်တိုက်လေးတွေ လုပ်ပေးနိုင်ရင် ကောင်းမလား"

► လူနေ

" စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တွေထဲမှာ စဉ်းစားÓဏ်ရင့် သန်ဖို့ဆို တဲ့ အကြောင်းတစ်ခုလည်း ပါပါတယ်။ စာမဖတ်တဲ့လူကတော့ နောင်တစ်ချိန် ယှဉ်ပြိုင်မှုတွေများတဲ့ ခေတ်ကြီးထဲမှာ တွေးခေါ်စဉ်းစားနိုင်တဲ့ အားတစ်ခု တော့ လျော့နည်းသွားမှာ အမှန်ပါပဲ။ စာအုပ်တွေ ဘယ်လောက်ထွက်ထွက် စာဖတ်တဲ့သူတွေမရှိဘူးဆိုရင် တိုင်း ပြည်ဖွံ့ဖြိုးမှုအတွက် အကျိုးမဖြစ် ပါဘူး။

စာဖတ်တဲ့သူတွေရှိနေပေမယ့် လည်း ဖတ်ဖို့သင့်တော်တဲ့စာအုပ် ကောင်းတွေမရှိရင်လည်း တိုင်းပြည် အတွက် အကျိုးမရှိပါဘူး။ ဒါကြောင့် နိုင်ငံ တော်တော်များများက အခြား ဘာသာစကားတွေနဲ့ ရေးထားတဲ့ စာအုပ်ထဲမှာ ဖတ်ဖို့သင့်တော်တဲ့ စာအုပ်ကောင်းတွေဆိုရင် မိခင်ဘာ သာစကားနဲ့ ပြန်ဆိုမှုတွေပြုပြီး မိမိ
တိုင်းပြည်ကလူတွေ ဖတ်ရှုလို့ရအောင် ထုတ်ဝေခဲ့တယ်။ မိမိတိုင်းပြည်က စာ ရေးဆရာတစ်ယောက်ဟာ စာအုပ် ကောင်း တစ်အုပ်ထွက်နိုင်ပြီး ဘာသာ စကားအသီးသီးနဲ့ပြန်ဆိုခြင်းခံရတယ် ဆိုရင် တိုင်းပြည်လည်း သိက္ခာရှိသလို အကျိုးဖြစ်ထွန်းမှုလည်းများစွာရှိပါတယ်"

► သည်ခေတ်နေ

" ကျွန်တော်ငယ်ငယ်ကတည်း က စာရေးတာကိုဝါသနာပါတယ်။ လူငယ် တွေအတွက်ဆိုပြီး ရည်ရွယ်ပြီးတော့ ရေးတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ် တိုင်ကလူငယ်ဖြစ်နေတော့ အရေးအ သားတွေရော၊ တွေးမိတဲ့စိတ် ကူး တော်တော်များများကတော့ လူ ငယ်ပုံစံနဲ့ပဲဖြစ်သွားတာပေါ့ နော်။ ရသအနေနဲ့တော့ စာကြီးပေကြီး တွေတော့ ကျွန်တော့်မရေးတတ်ပါဘူး။

ပွင့်ပွင့် လင်းလင်းပြောတာပါ။ ကိုယ် ကိုယ်တိုင်ကိုင်ထားတဲ့ ဒဿနလေးတွေ ဒါလောက်ပါပဲ။ များသောအားဖြင့် ကျွန်တော်ရေးတဲ့စာအုပ်တွေထဲမှာ သုတကတော့ အမြဲတမ်းရေးဖြစ်ပါ တယ်။ အွန်လိုင်းမှာ စာရေးတာတွေ တော့မရှိဘူး။ ကနေ့ခေတ်မှာ လူငယ် တွေစာအုပ်စာပေတွေကို ဖတ်ရင် ကောင်းတယ်ဆို
တာလေးတွေမြင် တယ်ဗျ။ လူငယ်တွေအနေနဲ့ များများ
ဖတ်ဖြစ်တာကလည်း ဒီအွန်လိုင်းက နေပဲဖြစ်မှာပါ။

ကျွန်တော်ကိုယ်တိုင် လည်း တွေ့ဖူးပါတယ်။ အွန်လိုင်း ပေါ်မှာ တင်ထားတဲ့ စာအုပ်လေးတွေ ထဲကနေ ဗဟုသုတလေးတွေ ရတယ် လေ။ အဲဒီအတွက်လည်း ကျွန်တော်က ကောင်းတယ်လို့ မြင်မိပါတယ်။"

► သိုးဆောင်း

စာတွေစရေးတာကတော့ တက္ကသိုလ်ဒုတိယနှစ်လောက်မှ စရေးခဲ့တာပါ။ ကျွန်တော်က အွန်လိုင်းလည်း အသုံးနည်းတယ်။ အွန်လိုင်းမှာစာ တွေရေးတာလည်း သိပ်မလုပ်ဖြစ်ဘူး။

ခုနောက်ပိုင်းမှာဆိုရင် လူငယ်တွေက စာဖတ်တာတအား နည်းသွားတယ်လို့ မြင်မိပါတယ်။ ဒါပေမဲ့ စာဖတ်တဲ့သူ၊ စာမဖတ်တဲ့သူ သူ့အုပ်စုနဲ့သူတော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်တို့ ဖန်တီးတဲ့ အနုပညာက ပရိသတ်လက်ထဲကိုဘယ်လိုနည်းနဲ့ ရောက် သွား၊ ရောက်သွား ရောက်သွားဖို့က အရေးကြီးတယ်လေ။ ခုအွန်လိုင်းက ပဲဖြစ်ဖြစ်၊ ဒီစာအုပ်တွေကို ဖတ်ရှု ရင်ပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်သွားရင်ကျေ နပ်တယ်။ လူငယ်တွေအနေနဲ့
လည်း စာဖတ်ကြပါလို့ ပြောချင်ပါတယ်။

ခိုင်ဝေလွင်၊ မျိုးမောင်၊ သိမ့်သိမ့်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ