ကာဗာနီကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရန် PSG သဘော တူညီမှုရ


မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားမှု ပြသခဲ့သည့် ဥရုဂွေး လက်ရွေးစင်ကို PSGအသင်းက ပေါင်စတာလင် (၅၅)သန်းထိ ဈေးပေး ခေါ်ယူရန် နာပိုလီနှင့် သဘောတူညီမှု ရရှိခဲ့သည်

နာပိုလီ အသင်း၏ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီသည် ယခုအခါ PSGအသင်းသို့ ပြောင်းရွှေ့ရန် အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်သည်။ မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားမှု ပြသခဲ့သည့် ဥရုဂွေး လက်ရွေးစင်ကို PSGအသင်းက ပေါင်စတာလင် (၅၅)သန်းထိ ဈေးပေး ခေါ်ယူရန် နာပိုလီနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ယင်းသည် ပြင်သစ် ကလပ်တစ်ခုအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ကာဗာနီသည် တနင်္လာနေ့ ညနေပိုင်းက ပဲရစ်မြို့တော်သို့ ရောက်ရှိလာကာ Pitie Salpetriere ဆေးရုံတွင် ဆေးစစ်မှုကို အပြီးသတ် ခံယူခဲ့သည်။ ယင်းကို ယနေ့တွင် PSGအသင်းက ကစားသမားသစ် အနေဖြင့် မိတ်ဆက်လာဖွယ် ရှိနေသည်။

ကာဗာနီကို ချယ်လ်ဆီးနှင့် မန်စီးတီးတို့က ကာလရှည်ကြာ ချိတ်ဆက်ခဲ့သော်လည်း PSGက နာပိုလီ၏ ခေါ်ဈေးအတိုင်း ပေးချေကာ ကြားဖြတ် ဝယ်ယူသွားခြင်း ဖြစ်သည်။ ပြင်သစ် ချန်ပီယံ အသင်း၏ နည်းပြသစ် လောရင့်ဘလန့်က မကြာသေးမီကမှ မိမိတို့သည် ကာဗာနီကို အလိုရှိကြောင်း ပြောဆိုခဲ့သေးသည်။ ယခုသတင်းသည် ပရီးမီးယားလိဂ် ထိပ်သီး (၂)သင်းအတွက် ထိုးနှက်မှုလည်း ဖြစ်လာသည်။ မန်စီးတီးရော၊ ချယ်လ်ဆီးပါ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ဝယ်ယူရန် စီစဉ်နေပြီး ကာဗာနီကို အလေးအနက် ချိတ်ဆက်ခဲ့ကြသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ