ဂီတနဲ့ပတ်သက်တဲ့ Music Center တွေ ပေါ်ပေါက်လာစေ ချင်တဲ့ ဇော်ပိုင်
Orpheus Rehearsal Studio & Instruments မိတ်ဆက် ပွဲကို ဇော်ပိုင်လည်း တက်ရောက်ခဲ့ပါ တယ်။ ဂီတနဲ့ပတ်သက်ပြီး အရင် တုန်းက လေ့လာရတာ အခက်အခဲ ရှိခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာ ပြီဖြစ်ကြောင်း ဇော်ပိုင်ကပြောပါ တယ်။
"အရင်တုန်းကတော့ ကျွန် တော်တို့ဆီမှာ ဂစ်တာသင်တန်းတွေ ရှိတော့ရှိ မယ်။ အားနည်းပါတယ်။ ဒီမှာ အခု တူရိယာပစ္စည်းတွေနဲ့ လူငယ်ပညာရှင် တစ်ယောက်က ဂစ်တာတွေသင်ပေးမယ်၊ ဒရမ်သင်တန်းတွေဖွင့် မယ်၊ မြူးဇစ်ဝန် ဆောင်မှုတွေလည်း ပေးမယ်ဆိုတဲ့ အတွက် ကျွန်တော် အများကြီး ဝမ်းသာတယ်။ တအားကောင်းတယ်လို့ ပြောရင်ရပါတယ်။ လူငယ်တွေဘက်ကလည်း ကြိုးစားရင် ကြိုးစားသလောက် အကျိုးဖြစ် ထွန်းမယ်လို့ မျှော်လင့်မိပါတယ်။ ဒီဘက်မှာတော့ အကုန်လုံး ပိုပြီးတော့မြန် တယ်။
ဂီတနဲ့ ပတ်သက်ပြီး လေ့လာစရာတွေကတော့ ကျွန်တော်တို့တုန်းကနဲ့ အများကြီးကွာသွားပါပြီ" လို့ ကွာခြားသွားတဲ့ခေတ်ကို ဇော်ပိုင် က ပြောပြတာပါ။ စန္ဒရားနဲ့ဂစ်တာ က ဇော်ပိုင်ရဲ့ငယ်ငယ် ကတည်းက အသည်းစွဲတူရိယာတွေဖြစ်ခဲ့ပြီး အဆိုတော် မဖြစ်ခင် ဂီတနဲ့ထိတွေ့ခဲ့ပုံ အမှတ်တရတွေကိုလည်း ဇော်ပိုင်က "ဒရမ်ကတော့ ငယ်ငယ် ကတည်းက ကြိုက်တယ်။ ဒါပေမဲ့ တီးဖို့ကို အဆင်ပြေဘူး။
ကျွန်တော်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တာကတော့ စန္ဒရားနဲ့ဂစ် တာပေါ့။ နောက်တစ်ခုက သီချင်းလေးတွေလည်း တီးပြီးဆိုလို့ရတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာဆိုချင်ရင် ဒရမ်ကျတော့ အဆင်မပြေဘူးလေ။ ဂစ်တာနဲ့ စန္ဒရားကျတော့ သီချင်းရေးတာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အကုန်လုပ် လို့ရတယ်ဆိုတော့ ကျွန်တော့်အတွက် အမှတ်တရအများ ကြီး ဖြစ်စေတာကတော့ ဂစ်တာနဲ့ စန္ဒရားပေါ့ " လို့ ပြောပါတယ်။ နိုင်ငံခြားကို ခရီး ခဏခဏထွက်ဖြစ်နေတဲ့ ဇော်ပိုင်က ဂီတနဲ့ပတ်သက်တဲ့ Instrument ဆိုင်တွေကိုပဲ အမြဲရောက်ဖြစ်ေ န ကြောင်း၊ မြန်မာနိုင်ငံမှာလည်း ဂီတ နဲ့ပတ်သက်တာအကုန်လုံးရတဲ့Music Center တွေအများကြီး ပေါ် ပေါက်လာစေချင်ကြောင်း ပြောပါ တယ်။ ဇော်ပိုင်က သူ့ရဲ့တစ်ကိုယ် တော်အခွေသစ်အတွက် မြူးဇစ်ပိုင်း ကို စတင်ပြုလုပ်နေပြီဖြစ်ပြီး 'ပင်လယ်မြို့ပြ' အမ်တီဗီကိုလည်း ဆက်လက် ရိုက်ကူးနေကြောင်း၊ ခရီး သွားတဲ့ပုံရိပ်တွေကို Documentary အဖြစ် ထည့်သွင်းဖို့အစီအစဉ်ရှိ ကြောင်း ဇော်ပိုင်ကပြောပါတယ်။ ခရီးတွေ အမြဲလိုလိုသွားဖြစ်နေတဲ့ ဇော်ပိုင်က အလုပ်အားတဲ့အချိန်တွေ မှာ မိသားစုကိုအချိန် တတ်နိုင် သလောက် ပေးဖြစ်ပြီး သားလေး ရွှေပိုင် အနားမှာ နေပေးဖြစ်ကြောင်း ပြောပါတယ်။
မျိုးမောင် - Popular Journal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin