Glee မင်းသား Cory အား ဟိုတယ်ခန်းတွင် သေဆုံးလျက်တွေ့ရှိရ


အမေရိကန်ရုပ်သံ FOX ၏ Glee ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သည့် ကနေဒါမင်းသား Cory Monteith သည် ဟိုတယ်ခန်းတစ်ခုတွင် သေဆုံးသွားကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် Cory သည် စနေနေ့ (ဇူလိုင် ၁၃ ရက်) နေ့လည်ပိုင်းက ဗင်ကူးဗားရှိ Fairmont Pacific Rim ဟိုတယ်အခန်းတွင် သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးရသည့် အကြောင်းရင်း အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးဟုဆိုသည်။

Cory သည် ပြီးခဲ့သည့် ဧပြီလတွင် ပြန်လည် ထူထောင်ရေးစခန်းမှ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်။ Cory နှင့် Glee ဇာတ်လမ်းတွဲမှ မင်းသမီးဖြစ်သူ Lea Michele တို့မှာ ချစ်သူများဖြစ်ကြကြောင်း သိရှိရသည်။

Photo: Daily Mail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ