ဗီယက်နမ်ကို ဒုတိယ အကြိမ်သွား ရောက် ဖျော်ဖြေမယ့် ကျားပေါက်ရဲ့ Blood Sugar Politik


ကျားပေါက်တို့ရဲ့ တီးဝိုင်းခွဲ Blood Sugar Politik တီးဝိုင်း က ဗီယက်နမ်ကို ဒုတိယအကြိမ်သွားရောက်ဖျော်ဖြေကြမှာဖြစ် ပါတယ်။ ပထမတစ်ကြိမ်သွားခဲ့ကြတုန်းက Art Work is Work ဆိုတဲ့ခေါင်းစဉ်နဲ့ အာဆီယံနိုင်ငံများကတီးဝိုင်းများနဲ့ ပူးတွဲပြီး ဖျော်ဖြေခဲ့ကြပြီး အခုအခေါက် မှာတော့ ကျားပေါက်တို့ရဲ့Blood Sugar politi ကို အဓိက အနေနဲ့ထားပြီး ဖိတ်ခေါ်ဖျော်ဖြေတာ လို့လည်း သိရပါတယ်။ "ဒီတစ်ခေါက် ကတော့ ကျွန်တော်တို့ဝိုင်းကို အဓိကငှားတာ။ ပြီးခဲ့တဲ့အခေါက်က ဟနွိုင်း မှာဖျော်ဖြေတုန်း ကဟာကိုသတင်းကြားပြီး ဟိုချီမင်းမြို့ အဖွဲ့သားတွေက ကျွန်တော်တို့ကို သီးသန့်ခေါ်တာ။ ဟိုတစ်ခေါက် ကတော့ ပွဲလုပ်ပြီးမှ ကျွန် တော်တို့ကိုခေါ်တာ။ဒီအခေါက်ကတော့ ကျွန်တော့်တို့ကို အရင် ခေါ်ပြီးမှ ပွဲကိုစီစဉ်တာ။ကျွန်တော်တို့ကို ငှားတဲ့သဘောပေါ့။ လက်မှတ်ရှိုးပါပဲ။ ၂ပွဲတီးဖို့တော့ ပြောထား တယ်။ ကျန်တာက ဟိုရောက်မှ သိရမှာ။ ဇူလိုင် ၉ရက်နေ့ ဒီက ထွက်မယ်။ ၁၅၊ ၁၆ လောက် ပြန်ရောက်မယ်" လို့ ကျားပေါက်က သူတို့ BSP အဖွဲ့ ဒုတိယအကြိမ်ဗီယက်နမ်ကို သွားရောက် ဖျော်ဖြေမယ့် အကြောင်းကို ပြောပါတယ်။

ဒီတစ်ခေါက်သွား ရောက်ဖျော်ဖြေမှုမှာ သူတို့တစ်ဖွဲ့ တည်း လည်းဖြစ်တာကြောင့် အရင်အခေါက်ထက်တော့ ပိုပြီး တာဝန်ကြီး တယ်လို့လည်းကျား ပေါက်ကပြောပါတယ်။ အခုလို သွားရောက်ေ ဖျာ် ဖြေဖြစ်တာက ဗီယက်နမ်မှာရှိကြတဲ့ US ကလပ်က အဖွဲ့တွေက ဖိတ်ခေါ်တာ လို့လည်း သိရပြီး အတွေ့အကြုံနဲ့ သီချင်းပျံ့နှံ့မှုကို အဓိကထား တာကြောင့် ကျားပေါက်တို့အဖွဲ့က ငွေရေးကြေးရေးကိစ္စတော့ သိပ်မပြော ဘူးလို့လည်း ပြောပါတယ်။

"ဖိတ်ခေါ်တဲ့သူတွေက ဟိုမှာ လည်း ဧည့်သည်တွေဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံနဲ့ သီချင်းပျံ့နှံ့မှုကို အဓိကထား တဲ့အတွက်တခြားတောင်းဆိုမှုကြီးကြီး မားမားတွေတော့ ကျွန်တော် တို့ဘက် က မလုပ်ပါဘူး။ ဒီတစ်ခေါက်က တာဝန်လည်း ပိုကြီးပါ တယ်။ပြီးခဲ့တဲ့အခေါက်ကပထမအကြိမ်ဆိုတော့ မှားခွင့် ရှိတယ်။ အခုက တတ်နိုင်သမျှ အမှားနည်းအောင်လုပ်ရတော့မယ်။ ကျွန် တော်တို့ရှေ့မှာ အဖွင့်ဆိုမယ့် တီးဝိုင်း၂ဝိုင်းလည်းရှိတယ်။ ကျွန် တော်တို့သီချင်းတွေကိုတော့ ဒီကနေအကောင်းဆုံး ပြင်ဆင် သွားမယ်" လို့လည်း ကျားပေါက် က ပြောပါတယ်။

အခုလိုနိုင်ငံကိုယ်စားပြုအနေနဲ့ မဟုတ်ပေမယ့် ကိုယ့်အဆက် အသွယ်နဲ့ကိုယ် ပြည်ပနိုင်ငံတွေမှာသွားရောက်ကိုယ်စားပြု ဖျော် ဖြေဖြစ်တဲ့ တီးဝိုင်းက ကျားပေါက်တို့ BSP နဲ့ Side effect အဖွဲ့ပဲ ဖြစ်ပါတယ်။BSP အနေနဲ့ အခုလိုဖွဲ့စည်းပြီး အချိန် အနည်းငယ် အတွင်းမှာပဲ ပြည်ပ ပွဲတွေသွားဖြစ်ရခြင်းအပေါ်မှာလည်း ကျားပေါက် က "Blood Sugar Politik အနေနဲ့ဆိုရင် သိပ်စောပြီး သိပ်မြန်ဆန်သလိုပဲ။ခေတ်နဲ့လည်း ဆိုင် မှာပေါ့။ မြန်ဆန်တဲ့ ခေတ်နဲ့အညီအမီလိုက်နေရတယ်။ ခုလို သွားရောက် ခွင့် တွေ ရရှိလာတဲ့အပေါ်မှာသိပ်လည်း မိန်းမောနေလို့မ ရဘူး။ ပြောင်း လဲတဲ့ နောက်ကို တောက်လျှောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေ ရတာပေါ့။ သီချင်းကိစ္စကတော့ အမြဲလုပ်နေမှာပဲ" လို့ ပြောလာ ခဲ့တဲ့ ကျားပေါက်က ဗီယက်နမ်ကပြန်လာပြီး နောက်မှာတော့ သူ့ အခွေက MTV လက်ကျန်တစ်ပုဒ်ရိုက်ဖို့ရှိတယ်လို့လည်းပြောပါတယ်။ ဆက်လက်ပြီး စက်တင်ဘာလမှာတော့ ကျားပေါက်တို့ Big Bag ရဲ့The Big Show in Bag ၃ပြုလုပ်ဖို့ရှိတယ်လို့လည်း သိခဲ့ရတာ ကြောင့် စက်တင်ဘာလနီး ရင်တော့ ရှိုးအကြောင်း အသေးစိတ်ကိုထပ်မံ ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းပေးလိုက်ပါတယ်။

ရဲရဲ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ