သားဖြစ်သူကို ကျောင်းပြီးမှ အနုပညာအလုပ် လုပ်စေချင်သူ မင်းမော်ကွန်း


သရုပ်ဆောင် မင်းမော်ကွန်းက သားဖြစ်သူကို ကျောင်းပြီးမှ အနုပညာ အလုပ် လုပ်ချင်ရင် ပြန်လုပ်ခိုင်း မှာဖြစ်ကြောင်း ပြောသည်။

သားဖြစ်သူ၏ သရုပ်ဆောင်မှု အပေါ် မင်းမော်ကွန်းက ”သူက ဇာတ်ညွှန်းကို သူပြောချင်တာ ပြောတာ။ ကြောက်တော့ မကြောက်တတ်ဘူး။ မရှက်ဘူး။ အရှက်မရှိ တဲ့ နေရာ မှာတော့ အဖေကိုမီတယ် (ရယ်လျက်)။ သရုပ်ဆောင် ရတာကိုလည်း ဝါသနာပါတယ်။

ဒိုင်ယာလော့ခ် ပြောရတဲ့ နေရာမှာတော့ မေ့တယ် လို့တော့ မရှိဘူး။ သူမေ့သွားရင် ရောချ လိုက်တာပဲ။ တစ်ခါတလေ ကျရင်လည်း ရယ်ရပါတယ်။ တစ်ခါတလေ ကျတော့လည်း ပြန်ရိုက်ရတာပေါ့။ သူ မရိုက်တာ တော်တော် ကြာပြီ။ ဟိုး ငယ်ငယ်တုန်း ကတော့ ၄၊ ၅ ကားလောက် သူရိုက်ဖူးပါတယ်” ဟု ပြောသည်။

မင်းမော်ကွန်းရဲ့ သားဖြစ်သူ ၉ တန်းကျောင်းသား မောင်မင်းမြတ်နှင့် သမီး ဖြစ်သူ လေပြေသွေး တို့ကလည်း အနုပညာကို ဝါသနာပါကြောင်း သိရသည်။ သားဖြစ် သူ မောင်မင်းမြတ် က ဇာတ်ကားတွေ ထဲမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး ‘ကလေး၊ ကုလား၊ ကလောသား’ ဆိုတဲ့ ဗီဒီယို ဇာတ်ကားထဲ မှာလည်း မင်းမော်ကွန်း၊ စိုးမြတ်နန္ဒာ ၊ ချမ်းမီမီကိုတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

”အခုလို သားတွေသမီးတွေက အနုပညာကို ဝါသနာ ပါတာ ကတော့ သွေးထဲပါတဲ့ ဗီဇကြောင့်ပါပဲ” ဟုလည်း မင်းမော်ကွန်း က ပြောသည်။ ”သမီးကလည်း ဇာတ်ကား တအား ရိုက်ချင်တယ်။ ဒါပေမဲ့ သူက အစ်ကိုလို မဟုတ်ဘူး။ နည်းနည်းလူကြီး စိတ်လေးဆိုတော့ နည်းနည်းလေး ရှက်တတ်တယ်” ဟု သမီး လေပြေသွေးရဲ့ အကြောင်း မင်းမော်ကွန်း က ပြောပြသည်။

ခိုင်ဝေလွင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ