နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး
မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်က သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။
ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။
အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်းသွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း အမြတ်အစွန်း ရခဲ့သည်။
Planet Myanmar Network
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin