အော်စကာဆုကို ကိုယ်တိုင် သိမ်းမထားနိုင်သည့် ဂျနီဖာ လောရင့်စ်



အော်စကာဆုကို ကိုယ်တိုင် သိမ်းမထားနိုင်သည့် ဂျနီဖာ လောရင့်စ် Hunger Gamesစတား မင်းသမီးက အဆိုပါဆုသည် သူမစိတ်တွင် တစ်စုံတစ်ရာ စနိုးစနောင့် ဖြစ်စေခြင်းကြောင့် လော့စ်အန်ဂျလိစ်ရှိ သူမပိုင် နေအိမ်တွင် မထားဘဲ မိဘများထံ လွှဲပေးထားကြောင်း ဖွင့်ဟခဲ့


မိမိ၏ အော်စကာဆုသည် ထူးဆန်းထိတ်လန့်စေသည့် စွမ်းအင်တစ်မျိုး သက်ရောက်နေသည်ဟု ယူဆသောကြောင့် ကိုယ်တိုင် သိမ်းမထားကြောင်း ဂျနီဖာ လောရင့်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၂၂)နှစ်ရှိ ဟောလီးဝုဒ် တက်သစ်စ မင်းသမီးသည် Silver Linings Playbook ဇာတ်ကားတွင် အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးအဖြစ် အော်စကာဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ Hunger Gamesစတား မင်းသမီးက အဆိုပါဆုသည် သူမစိတ်တွင် တစ်စုံတစ်ရာ စနိုးစနောင့် ဖြစ်စေခြင်းကြောင့် လော့စ်အန်ဂျလိစ်ရှိ သူမပိုင် နေအိမ်တွင် မထားဘဲ မိဘများထံ လွှဲပေးထားကြောင်း ဖွင့်ဟခဲ့သည်။ ထို့ကြောင့် အော်စကာဆု ရုပ်တုသည် ကန်တက်ကီရှိ ဂျနီဖာ၏ မိဘများ နေအိမ် ပြခန်းအတွင်း၌သာ ရှိနေသည်။

ဂျနီဖာက "ကျွန်မရဲ့ ဆုကို မိဘတွေက ကန်တက်ကီကို ယူသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအိမ်မှာ အဲဒီရုပ်တုကို ပြထားရတာ စိတ်ထဲမှာ ထူးထူးဆန်းဆန်းကြီး ဖြစ်နေလို့။ တစ်ယောက်ယောက် အိမ်ကိုရောက်လာပြီး အဲဒီဆုကို မြင်သွားရင် ကျွန်မ အော်စကာ ရဖူးတယ် ဆိုတာကို သတိရသွားတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်မ စိတ်ထဲမှာတော့ အဲဒီဆုဟာ ပြောမပြတတ်တဲ့ ထူးထူးဆန်းဆန်း စွမ်းအင်တစ်ခု ယှက်ဖြာနေတယ် ဆိုတာမျိုး ခံစားမိတယ်"ဟု ဖွင့်ဟခဲ့သည်။

သူမသည် အစောပိုင်းက အော်စကာ ရွှေရုပ်တုကို ဧည့်ခန်းမှ ဖယ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မိခင်က တောင်းဆိုမှုကြောင့် လက်လွှဲပေးလိုက်ခြင်းဟု ဆိုသည်။ Access Hollywoodနှင့် အင်တာဗျူးတွင် ဂျနီဖာက "ပထမတော့ ကျွန်မက ဆုရုပ်တုကို ရေချိုးခန်းသွားတဲ့လမ်းက နံရံမှာပဲ တင်ထားတာပါ။ ဒါပေမဲ့ ကျွန်မအမေက ဒီနေရာမှာ မထားသင့်ကြောင်း ပြောတယ်။ ခုတော့ ကန်တက်ကီအိမ်က စန္ဒရား တစ်ခုပေါ်မှ တင်ထားပါပြီ"ဟု ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ