အပြောင်းအရွှေ့ကိစ္စ မိုယက်စ်နှင့် နာနီ ဆွေးနွေးမည် ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမားသည် ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့် တွေ့ဆုံကာ အနာဂတ်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန် ဆန္ဒရှိနေသည်။ |
နာနီ၏ မိတ်ဆွေ တစ်ဦးက "ဒီကိစ္စမှာ နာနီကတော့ ဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူက လောလောဆယ် မိုယက်စ်နဲ့ ဆွေးနွေးချင်တယ်။ ပြီးမှပဲ နောက်ဆုံး ရွေးချယ်မှုက ဘာဖြစ်မယ် ဆိုတာကို ဆုံးဖြတ်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ နာနီသည် ပြီးခဲ့သည့် ရာသီက မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်တွင် အသင်းနှင့် ပွဲထွက်ကစားခွင့် ဝေးကွာနေခဲ့သူလည်း ဖြစ်သည်။ မိုနာကိုက နာနီကို ခေါ်ယူနိုင်ခွင့်အတွက် ကမ်းလှမ်းမှုတစ်ခု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး လက်ရှိတွင်မူ မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ရသေးကြောင်း ကြေညာထားသည်။
Planet Myanmar Network