ဝင်ဘယ်လ်ဒန်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို ဘာတိုလီ ဆွတ်ခူးရရှိ

ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဖိုင်နယ်ပွဲစဉ်ကို ယနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားရာ ပြင်သစ်တင်းနစ်မယ် မာရီယွန် ဘာတိုလီက ဂျာမနီမှ ဆဘိုင်း လီဆစ်ကီကို ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ဝင်ဘယ်လ်ဒန်တင်းနစ် ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားသည်။

အသက် ၂၈ နှစ်အရွယ် ဘာတိုလီသည် သူမ၏ တင်းနစ်ကစားသမား သက်တမ်းတွင် ဂရင်းဆလင်းမ်ပြိုင်ပွဲ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဘာတိုလီသည် ဂရင်းဆလင်းပြိုင်ပွဲများ ယှဉ်ပြိုင်မှုအဖြစ် ၂၀၀၉ ခုနှစ် သြစတြေးလျအိုးပင်းတွင် ကွာတားဖိုင်နယ်၊ ၂၀၁၁ ခုနှစ် ပြင်သစ်အိုးပင်းတွင် ဆီမီးဖိုင်နယ်နှင့် ၂၀၁၂ ခုနှစ် ယူအက်စ်အိုးပင်းတွင် ကွာတားဖိုင်နယ် အဆင့်များသို့သာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဝင်ဘယ်လ်ဒန်တင်းနစ် ပြိုင်ပွဲတွင်မူ ချန်ပီယံဆုကို ဆွတ်ခူးကာ သူမ၏ ကစားသမားသက်တမ်းတွင် အမြင့်ဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ