တစ်ကိုယ်တည်းဘဝင်ဖြင့် အထီးကျန်နေသည့် နစ်ကိုးလ် ရှာဇင်ဂါ


ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူးဝစ်ဟယ်လ်မီတန်နှင့် လမ်းခွဲလိုက်ပြီး နောက်ပိုင်းတွင် သူမအတွက် ပျင်းရိ အထီးကျန်သော ခံစားချက်မျိုး ဖြစ်ပေါ်လာကြောင်း Pussycat Doll အဖွဲ့ဝင်ဟောင်း အဆိုတော်က ညည်းညူသည်။

တစ်ကိုယ်တည်း ဘဝတွင် အထီးကျန်သည်ဆိုသော ခံစားချက်မျိုး ဖြစ်ပေါ်လာကြောင်း နစ်ကိုးလ် ရှာဇင်ဂါက ဖွင့်ဟ ပြောကြားလိုက်သည်။ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူးဝစ်ဟယ်လ်မီတန်နှင့် လမ်းခွဲလိုက်ပြီး နောက်ပိုင်းတွင် သူမအတွက် ပျင်းရိ အထီးကျန်သော ခံစားချက်မျိုး ဖြစ်ပေါ်လာကြောင်း Pussycat Doll အဖွဲ့ဝင်ဟောင်း အဆိုတော်က ညည်းညူသည်။ သူမသည် လန်ဒန်တွင် မည်သည့် သူငယ်ချင်းမျှ မရှိဘဲ ကျန်နေခဲ့ပြီး ညစာထွက်စားရာတွင်ပင် သူမ၏ ကိုယ်ရေးအရာရှိနှင့်ပင် အဖော်ပြုခဲ့ရကြောင်း ဆိုသည်။ လော့စ်အန်ဂျလိစ်မြို့သူ နစ်ကိုးလ်သည် (၅)နှစ်ကြာ တွဲခဲ့သည့် ဟယ်လ်မီတန်နှင့် ယခုလအတွင်း လမ်းခွဲခဲ့သည်။

"ကျွန်မမှာ ဘယ်သူမှ အဖော်မရှိဘူး။ ကျွန်မမိသားစုလည်း ရှိမနေဘူး။ ကျွန်မရဲ့ သူငယ်ချင်းတွေကလည်း ဒီမှာရှိမနေဘူးလေ။ ခုဆို ကျွန်မသူငယ်ချင်းဆိုလို့ ကျွန်မရဲ့ ကိုယ်ရေး အရာရှိပဲ ကျန်တယ်။ တကယ် အထီးကျန်တဲ့ ခံစားချက်ပါ။ ဒါကြောင့် လောလောဆယ်တော့ ကျွန်မ အလုပ်ကိုပဲ ဖိလုပ်နေတယ်"ဟု နစ်ကိုးလ်က ဖွင့်ဟခဲ့သည်။ The Sunနှင့် အင်တာဗျူးတွင် သူမက မိမိနှင့် ဟယ်လ်မီတန်တို့ကြား ဆက်ဆံရေးသည် အလုပ်တာဝန်အရ တစ်ဦးနှင့်တစ်ဦး ဝေးကွာလွန်း၍ အေးခဲသွားကြောင်းလည်း ဝန်ခံသွားသည်။ "ဘယ်သူတွေမှ ဝေးကွာလွန်းတဲ့သူနဲ့ အချစ်ရေးတစ်ခု မဖြစ်စေချင်တော့ဘူး"ဟုလည်း သူမက ဆန္ဒပြုသွားသည်။

 Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ