ဝတ်လစ်စလစ် ဓာတ်ပုံကြောင့် ၀ိုင်းပယ်ခံရသည့် ရက်ဝန်စကာ


ပိုလန်တင်းနစ်မယ် ရက်ဝန်စကာသည် အမေရိကန် နိုင်ငံထုတ် ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့သောကြောင့် ကက်သလစ်လူငယ် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း telegraph မဂ္ဂဇင်းမှ ဖော်ပြခဲ့သည်။

ကမ္ဘာ့အဆင့် (၄) တင်းနစ်မယ် ရက်ဝန်စကာသည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ပိုလန်နိုင်ငံရှိ ကက်သလစ်လူငယ် လှုပ်ရှားမှု အဖွဲ့၏ “I’m not ashamed of Jesus” လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်သည်ဟု ဆိုသည်။

၎င်းပြင် ရက်ဝန်စကာသည် သူမ၏ ပရိသတ်များအား ခရစ်တော်ကို ယုံကြည်ကိုးကွယ်ရန် တိုက်တွန်း ပြောကြားခဲ့ဖူးသည်။ ရက်ဝန်စကာ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သော ESPN မဂ္ဂဇင်း တွင် ရေကူးကန်ဘေး၌ ဝတ်လစ်စားလစ်ဖြင့် ရိုက်ထားသော ဓာတ်ပုံ ပါရှိလာသောကြောင့် ယင်းအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကက်သလစ် လူငယ်အဖွဲ့က ရက်ဝန်စကာ၏ အရှက်ကင်းမဲ့သော အပြုအမူကြောင့် အဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း Twitter စာမျက်နှာတွင် ကြေညာခဲ့သည်။

MMT

The Golden Fresh Land Daily Newspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ