ကျော်ကိုကို ဘောလုံးပြန် ကစား နိုင်ခြင်း ရှိ မရှိ ယခုလကုန်မှ အဖြေပေါ်မည်

တိုက်စစ်မှူး ကျော်ကိုကို ယခုနှစ် ဘောလုံးရာသီ ဘောလုံး ပြန်ကစားနို င်ရေး ယခုလကုန် ရိုက်မည့် ဓာတ်မှန် အဖြေ ပေါ်သာ မူတည်သည်ဟု ရန်ကုန် ယူ နိုက် တက် ဘောလုံး အသင်းမှ သိရ သည်။

”သူ့ရဲ့ ဒဏ်ရာ အရှင်းမပျောက် သေးဘူး။ အပေါ့စား လေ့ကျင့်ခန်းတော့ လုပ်နေပါပြီ၊ ခြေထောက်နဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးပေါ့။

ဒီရာသီ ဘောလုံး ပြန် ကန်ဖြစ် မဖြစ် ဆိုတာတော့ လကုန်ပိုင်းမှာ X-Ray ပြန်ရိုက်ပြီး ဆရာဝန် ညွှန်ကြားချက် အပေါ်ပဲ မူတည်ပါတယ်” ဟု ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းမှ အထွေထွေ မန်နေဂျာ ဦးကျော် လင်းထွေး က ပြောသည်။

ယင်းအပြင် ဒဏ်ရာ ပျောက်ကင်း ခဲ့ပါကလည်း ရန်ကုန် ယူနိုက်တက် အသင်း နောက်ဆုံး ယှဉ်ပြိုင် ကစားရမည့် အမှတ်ပေး ပွဲစဉ်ကိုသာ ကစားရမည် ဖြစ်ကြောင်း သိရသည်။

”ပြန်ကစားနိုင်ခဲ့ ရင်တော့ နေ ပြည်တော် နဲ့ ပွဲမှာပါလာမှာပါ။ ကျွန်တော့် အနေ နဲ့ကတော့ သူပြန်ကောင်း လာဖို့ အတွက် အကူအညီတွေ ပေးနေပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

အမှတ် ဇယားနှင့် ပတ်သက်၍ တစ်ပွဲ ချင်းစီကို အာရုံစိုက် ကစားလျက် ရှိ ကြောင်း၊ အသင်း အနေဖြင့် နေရှင်နယ် လိဂ် သမိုင်းတွင် မည်သည့် အသင်းမှ သုံးနှစ်ဆက် ချန်ပီယံ မရသည့် အစဉ်အ လာကို ချေဖျက်၍ သမိုင်းတွင်မည့် မှတ် တိုင် အသစ်ကို စိုက်ထူ သွားရန် ကြိုး စားလျက်ရှိကြောင်း ၄င်းက ဆက်ပြော သည်။

လက်ရှိတွင် ရန်ကုန် ယူနိုက်တက် အသင်းသည် နေရှင်နယ်လိဂ် ပွဲစဉ် ၁၆ အပြီးတွင် ၁ဝ ပွဲနိုင် ၃ ပွဲရှုံး၊ ၃ ပွဲ သရေ ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်လျက် ရှိပြီး ပြိုင်ပွဲပြီး ဆုံးရန် ၆ ပွဲသာ ကျန် ရှိတော့ကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို သည် ယခုရရှိနေသော ပခုံး ညှပ်ရိုးကျိုး ဒဏ်ရာကို ပွဲစဉ် ၁၂ တွင် ဟံသာဝတီ အသင်းနှင့် တွေ့ဆုံသော ပွဲစဉ်၌ ရရှိ ခဲ့ကြောင်း သိရသည်။

အောင်ဇော်

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ