ရန်ကုန်ပရိသတ်ကို နှုတ်ဆက်မယ့် လားရှိုးသိန်းအောင်ရဲ့ ဖျော်ဖြေပွဲ


လားရှိုးသိန်းအောင် ရဲ့ ဖျော်ဖြေပွဲ ကို ဇူလိုင် ၂ဝရက်၊ ည ၇ နာရီ အမျိုသား ဇာတ်ရုံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲကိုတော့ ဇော်ဝင်းထွဋ် နဲ့ စိုးနိုင်ထွန်း တို့က ပူးပေါင်း စီစဉ် ကြမှာ ဖြစ်ပါတယ်။ လားရှိုးသိန်းအောင် က ပရိသတ်တွေ ကို သီချင်း အပုဒ်ပေါင်း ၄ဝကျော် ဖျော်ဖြေမှာ ဖြစ်ပြီး ပရိသတ် နဲ့ သူနဲ့ အမှတ်တရ ဖြစ်ခဲ့တဲ့ သီချင်း တွေကို အဓိကထား သီဆို သွားဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။ တီးဝိုင်း ကတော့ အင်ပါယာ တီးဝိုင်းနဲ့ Lazy Club တီးဝိုင်း တို့က တီးခတ်ပေး ကြ မှာဖြစ်ပါတယ်။

ပွဲရဲ့ခေါင်းစဉ် ကိုတော့ “နှုတ်မဆက်နဲ့ ငိုချင်တယ်” လို့ အမည် ပေးထားပါတယ်။ လားရှိုး သိန်းအောင် က ဒီပွဲ နဲ့ ရန်ကုန် ပရိသတ်တွေ ကို နှုတ်ဆက်မှာ ဖြစ်ပြီး အမေရိက ကနေ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ၆လ အတွင်း မှာ ရန်ကုန်မှာ ဖျော်ဖြေပွဲ တစ်ပွဲ၊ မန္တလေးမှာ ဖျော်ဖြေပွဲ တစ်ပွဲ ပြုလုပ်ခဲ့ကာ ၂ပွဲ စလုံး ကိုဇော်ဝင်းထွဋ် နဲ့ စိုးနိုင်ထွန်း တို့ကပဲ စီစဉ် ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“အမေရိကကနေ ခေါ်ပြီးတော့ သူ့မိသားစု နဲ့ ဆုံဖြစ်အောင်ပါ။ နောက်မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူ့ ပရိသတ်တွေနဲ့ လည်းတွေ့ရ အောင် ဆိုပြီး ပွဲတွေ လုပ်ဖြစ်တဲ့ သဘောပါ။ လုပ်ဖြစ်ခဲ့တဲ့ ၂ပွဲစလုံးမှာလည်း ပရိသတ်တွေက တအား အားပေးကြတယ်။ အခု ဒီပွဲကိုလည်း အရင်၂ပွဲ ထက် ပိုထူးခြားအောင် စီစဉ်ထား တယ်။

စတိတ် ဒီဇိုင်း က အစပေါ့။ ဒီပွဲလေး ကတော့ သူ့ကိုချစ်တဲ့ ပရိသတ်၊သူက ချစ်တဲ့ ပရိသတ်တွေ တွေ့ကြပြီး ပြန်ခါနီး နှုတ်ဆက်တဲ့ ပွဲပေါ့” လို့ ပွဲစီစဉ်သူ ကိုစိုးနိုင်ထွန်း ကပြောပြ ပါတယ်။ လားရှိုး သိန်းအောင် မြန်မာနိုင်ငံ ရောက်စဉ်မှာ ဖျော်ဖြေခဲ့တဲ့ ပွဲတွေကို အားလုံး ပေါင်းပြီး အမှတ်တရ အနေနဲ့ အခွေ ထုတ်ဖို့ လည်း အစီအစဉ် ရှိတယ် လို့ ကိုစိုးနိုင်ထွန်း ကပြောပါတယ်။

လင်းအက္ခရာ
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ