မြန်မာရုပ်ရှင် လောကမှာ မရှိဖူးသေးသော ဇာတ်ကားကို ပင်ပန်းခံ ရိုက်ကူးခဲ့သူ စိုးမြတ်သူဇာ


မြန်မာ ရုပ်ရှင်လောကတွင် မရှိ ဖူးသေးသည့် ဇာတ်ကားတွင် ဇာတ်ဝင်ခန်း နည်းသော်လည်း ပင်ပန်းခံ ရိုက်ကူး ခဲ့ကြောင်း စိုးမြတ်သူဇာ က ပြောသည်။

''လူး ရတနာသိုက်မှာ ကျွန်မ ပါ ဝင်ရတဲ့ ဇာတ်ဝင်ခန်းက တအားနည်း တယ်။ လူး လူမျိုးစုတွေရဲ့ ခေါင်းဆောင် ပေါ့။ ခေတ်တွေက ကွာတယ်။ လူး လူ မျိုးဆိုတာ လူရိုင်းတွေ လို လူမျိုးစုပေါ့။ ကျွန်မက ခေါင်းဆောင် ပြီးတော့ သေသွားတဲ့ အချိန်မှာ ကိုယ့်လူမျိုးတွေ ထဲမှာ ကိုယ်တွေ ကို စောင့်ရှောက်တဲ့ ခေါင်းဆောင် တစ်ယောက် ရှိ တယ်။ သူ့ကို အကုန် လွှဲပေးခဲ့လိုက်တယ်။ နင် ငါတို့ လူမျိုးစုကို ဆက်စောင့်ရှောက် ရမယ်။ ဒီလူမျိုး မျိုးဆက် မပြတ်ဖို့လည်း နင့်မှာ တာဝန်ရှိတယ်။ ရတနာသိုက်ကြီး ရှိတယ်။ အဲဒီ တိုင်းပြည် က ရွှေတွေ ထွက်တယ်လို့ ပြောတာပဲ။ အဲဒါကို လည်း စောင့်ရှောက် ရမယ် ဆိုပြီး သေသွားတယ်။ သေတဲ့ အချိန်မှာ သူ့ ကို ရွှေတွေ ပေါတော့ ရွှေတွေ နဲ့ အုပ်ပြီး အလောင်း ကို ကျောက်ဖျာကြီးပေါ် တင်ထားတယ်။ ကျွန်မ ပါဝင် ရတဲ့ အခန်းက အဲဒီ အလောင်းကြီးပဲ ။ရွှေတွေ သုတ် ပြီး ကျောက်ဖျာကြီးပေါ်မှာ အိပ်နေရုံပဲ။ အဲဒီဖျာကြီးပေါ်မှာ အိပ်နေ မယ့် သက်မွန်မြင့် ကို သွားသွားပြီး အိပ်မက် သွားပေးတယ်။ သူက အတိတ် ဘဝ တစ်ခုမှာ သမီး တော် ခဲ့ ဖူးတယ်။ ဘဝ တစ်ခုမှာ ကျွန်မ က ရွှေတိုက်ဝန် လို မိန်းမမျိုး၊ သား အမိ နှစ်ယောက်၊ သူ က ယောက်ျား နောက် လိုက်ပြေးလို့ လိုက်ဖမ်းရင်း နဲ့ သေသွားတာ။ အဲဒီလို ဘဝ တစ်ခုမှာ သမီးတော် စပ်ခဲ့ဖူးတဲ့ အတွက် သူ့လိုမျိုး မျိုးဆက် မပြတ်ဖို့ အတွက် လူမျိုးတွေက တုံးတော့မယ်လေ။ အဲဒါကြောင့် သူ့ကို အိပ်မက် အမြဲတမ်း လာပေး တယ်'' ဟု စိုးမြတ်သူဇာ က ပြောပြသည်။

ဒီဇာတ်ကားထဲ မှာ ဝတ်ရတဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဆန်းဘောက်ရာက ချုပ်ပေးပြီး လူးလူမျိုးစု ဝတ်စုံနှစ်စုံနဲ့ ရွှေတိုက်ဝန် ကတော်ဝတ်စုံကိုတော့ နန်းတွင်းက ထိုင် မသိမ်း ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြောင်း ဒီဇာတ်ကား ရိုက်ကူးတုန်းက တအား ပင်ပန်းခဲ့ပြီး သေပြီး သွားတဲ့ အချိန်မှာ မျက်နှာ ကို ရွှေတွေ သုတ်ပြီး ရိုက်ကူးခဲ့ ရကြောင်း စိုးမြတ်သူဇာက ပြောသည်။

''မြန်မာ့ ရုပ်ရှင်မှာ ဒီလိုဇာတ်ကား မျိုး မရှိသေးဘူး။ အဲဒီ ဇာတ်ကားမှာ 3D တွေ ပါမယ်။ အန်နီမေးရှင်းတွေ အများ ကြီး ပါလိမ့်မယ်။ အခုအချိန်မှာ အဲဒီလို ဇာတ်ကား မျိုးက ဘယ်သူ မှ မရိုက်သေးတဲ့ အတွက် ပရိသတ် စိတ်ဝင်စား မယ်လို့ ထင်တယ်။ အခုက တောကား၊ မြို့ကား၊ ဟာသကား၊ ဒရမ်မာ ဇာတ် ကားတွေ ပဲလေ။ သူက ကျတော့ အစုံ ပါတယ်။ လူရိုင်းတွေ အကြောင်း လည်း ပါတယ်။ နန်းတွင်း ထဲက ခေတ် ပုံသဏ္ဌာန် တွေလည်း ပါတယ်။ ဒီဘက်ခေတ် လည်းပါတယ် ဆိုတော့ ရိုက်ရတာ လည်း မသက်သာဘူး။ ကိုဇော် (အရုဏ်ဦး) လည်း တအား ပင်ပန်းတယ်။ ရေကြီး တာတွေ၊ ကလေးတွေ ဆယ်တာတွေ ပြီးတော့ ဆက်တင်တွေ အများကြီး ဆောက် ရတယ်'' ဟု ၄င်းက ဆိုသည်။

ခိုင်ဝေလွင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ