ဘယ်နောက်ခံနေရာအားဖြည့်ရန် လီဗာပူးလ်မန်နေဂျာ ကြိုးပမ်း


ရော့ဂျာသည် ယခုအခါ ပေါ်တူဂီကလပ် ဘင်ဖီကာမှ ဘယ်တောင်ပံ ခံစစ်မှူး လိုရန်ဇို မယ်လ်ဂါရီဂျိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်

လီဗာပူးလ် အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဘယ်နောက်ခံလူ နေရာအတွက် အားဖြည့်နိုင်ရန် အလေးအနက် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ရော့ဂျာသည် ယခုအခါ ပေါ်တူဂီကလပ် ဘင်ဖီကာမှ ဘယ်တောင်ပံ ခံစစ်မှူး လိုရန်ဇို မယ်လ်ဂါရီဂျိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၂)နှစ်ရှိ ပါရာဂွေး လက်ရွေးစင်သည် ပြီးခဲ့သည့်ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို အရေးနိမ့်စဉ်က ဘင်ဖီကာအတွက် ပါဝင် ကစားခဲ့သေးသည်။

ရော့ဂျာသည် လတ်တလောတွင် ဗလန်စီယာ အသင်း၏ ဘယ်တောင်ပံ ခံစစ်သမားဖြစ်သူ အလီ ဆစ်ဆိုခိုကိုလည်း ဆက်သွယ်နေဆဲ ဖြစ်သည်။ အကယ်၍ မယ်လ်ဂါရီဂျိုကို လီဗာပူးလ်က တရားဝင် ချိတ်ဆက်ခဲ့ပါက ၎င်းအနေဖြင့် အင်္ဂလန်တွင် ကစားရန် Work Permitကိစ္စ လိုအပ်ချက် ရှိနေသည်။ ရော့ဂျာအနေဖြင့် ယင်းကစားသမားကို ဝယ်ယူဖြစ်ပါက ဦးစားပေး လူစာရင်းတွင် ထည့်သွင်းရန် ရည်ရွယ်ထားသည်။

လက်ရှိ လီဗာပူးလ်၏ ဘယ်တောင်ပံ ခံစစ်တွင် စပိန်သား ဟိုဆေး အင်းနရစ်နှင့် အင်္ဂလန် အသက်(၂၁)နှစ်အောက် လူငယ် ကစားသမား ဂျက်ရော်ဘင်ဆင်တို့ ရှိနေသော်လည်း လုံလောက်သည့် စုဖွဲ့မှုမျိုး မရှိနိုင်သေးဟု ရော့ဂျာက ယူဆထားသည်။ မယ်လ်ဂါရီဂျိုကို ယခုနွေရာသီတွင် အာဆင်နယ်နှင့် တူရကီကလပ် ဖီနာဘာချီတို့ကလည်း စိတ်ဝင်စားခဲ့သေးသည်။ လီဗာပူးလ်သည် ယခုနွေရာသီတွင် ကစားသမားသစ် (၄)ဦး ခေါ်ယူပြီး ဖြစ်သည့်တိုင် ဘယ်နောက်ခံနှင့် ကွင်းလယ်တိုက်စစ် နေရာတို့တွင် အင်အားဖြည့်တင်းနိုင်ရန် ဆက်လက်ကြိုးပမ်းလျှက်ရှိသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ