ရုရှား ကျွမ်းဘားမယ် မူစတာဖီနာ ရွှေတံဆိပ် ထပ်မံဆွတ်ခူး


ကာဇန်     ဇူလိုင်   ၁၁

ရုရှား ကျွမ်းဘားမယ် အလီယာ မူစတာဖီနာသည် ဇူလိုင် ၁ဝရက်က ကာဇန်၌ ကျင်းပသော ၂ဝ၁၃ခုနှစ် ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ကျွမ်းဘားအက ဗိုလ်လုပွဲတွင်  ဦးဆောင် လွှမ်းမိုးကစားနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် လေးကြိမ်တိုင် ထိပ်ဆုံးမှ နေရာယူခဲ့သော  မူစတာဖီနာသည် ယခုကျင်းပသော ကမ္ဘာ့ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု အပါအဝင် အခြားဆု နှစ်ခုကိုလည်း ရရှိခဲ့သည်။ မူစတာဖီနာသည် ယခုပြိုင်ပွဲတစ်လျှောက် ကာဇန် ကျွမ်းဘားရုံအတွင်း ပရိသတ်များ၏ ထောက်ခံ အားပေးမှုများစွာကိုလည်း ရရှိခဲ့သည်။ သူမသည် ယခု သီတင်းပတ် အစောပိုင်းက ကျင်းပခဲ့သည့် တစ်ဦးချင်း ပတ်လည် ပွဲစဉ်များနှင့် အသင်းလိုက် ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။    

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ