နှစ်ရှည်ကြာစွာ ညပိုင်းအလုပ်လုပ်ရသူ အမျိုးသမီးများနှင့် ရင်သားကင်ဆာ


နှစ်ပေါင်း   ၃ဝ  နှင့် အထက် နှစ်ရှည်ကြာစွာ ညပိုင်းအလုပ်လုပ်ရသူ အမျိုးသမီးများသည်  အခြားဌာနများ တွင်  အလုပ်လုပ်သူ  အမျိုးသမီး များထက် ရင်သားကင်ဆာဖြစ်ပေါ် နိုင်မှု  နှစ်ဆမြင့်မားလျက်ရှိသည်ဟု   ကနေဒါ နိုင်ငံလေ့လာမှုအသစ်တစ်ခုက ဆိုထားကြောင်း  ဇူလိုင် ၄ ရက်က ဆင်ဟွာ  ကျန်းမာရေးသတင်းတွင် ဖော်ပြထားသည်။

ယင်းလေ့လာမှုသည် နှစ်ရှည်ကြာစွာ ညပိုင်းအလုပ်လုပ်သူ  အမျိုးသမီးများနှင့်  ရင်သားကင်ဆာဖြစ်ပေါ်မှု တို့အကြား   လေ့လာခဲ့ကြခြင်းဖြစ် သည်။ ကွင်းတက္ကသိုလ်နှင့် ဗြိတိသျှ ကိုလံဘီယာ ကင်ဆာအေဂျင်စီမှ  သုတေသနပညာရှင်များသည်ရင်သား ကင်ဆာရှိ အမျိုးသမီး ၁၁၃၄ ဦးနှင့် ယင်းရောဂါမရှိသူ    သက်တူရွယ်တူ အမျိုးသမီး ၁၁၇၉ ဦးတို့အား နှိုင်းယှဉ် သုတေသနပြုခဲ့ကြသည်။ ပါဝင်သူ အမျိုးသမီးများသည် အလုပ်လုပ်ရသည့် အနေအထားအမျိုးမျိုးသော နေရာများမှဖြစ်ကြပြီး   ၄င်းတို့၏အလုပ်လုပ်ရသည့်ပုံစံများ၊  အလုပ်လုပ်ရသည့် သက်တမ်းတစ်လျှောက် အခြေအနေများကို  မေးမြန်းမှတ်တမ်းယူကာ   စစ်ဆေးအဖြေရှာခဲ့ကြသည်။

ယင်းကဲ့သို့ လေ့လာခဲ့ရာတွင် ၁၄ နှစ်ကြာမျှ ညပိုင်းအလုပ်လုပ်သည့် အမျိုးသမီးများတွင် ရောဂါဖြစ်ပေါ်မှု မတွေ့ရသော်လည်း ၁၅ နှစ်နှင့် ၂၉ နှစ်ကြာ သက်တမ်းရှိ ညပိုင်းအလုပ်လုပ်ရသူ အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပေါ်မှု အနည်းငယ်မျှ တွေ့ရပြီး နှစ်ပေါင်း ၃ဝ နှင့်အထက် သက်တမ်းကြာ ညပိုင်းအလုပ်လုပ်သူ အမျိုးသမီးများတွင်မူ ရောဂါဖြစ်ပေါ်မှု နှစ်ဆတိုးလျက်ရှိသည်ကို တွေ့ရသည်ဟု ဆိုထားသည်။              

နေခြည်
News and Periodiacl Enterprise

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ