လှေလှော်အားကစား နည်း ရတနာမိုင်


မကြာမီ အိမ်ရှင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တာဝန်ယူကျင်းပ ပြု လုပ်တော့မယ့် ၂၇ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲကြီး (ဆီးဂိမ်းပြိုင်ပွဲကြီး)တွင် အားကစားနည်း ၃၃မျိုးကိုယှဉ် ပြိုင်ကြမှာဖြစ် ပါတယ်။ ပေါ်ပြူလာ ဂျာနယ်အနေနဲ့ ဆီးဂိမ်းမှာ ကျင်းပ မယ့် အားကစားနည်းတွေကို ပရိသတ် တွေကြား ပျံ့နှံ့မှုရှိစေဖို့၊ ပရိသတ် စိတ်ဝင်စားမှုမြင့် တက်လာစေဖို့ ရည်ရွယ်ပြီး အနုပညာရှင်များနဲ့ အားကစားနည်း တစ်ခုချင်းစီကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ဆီးဂိမ်းအား ကစားကဏ္ဍအတွက်ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ ရွှေဆုတံဆိပ်တွေ များစွာနဲ့ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ လှေလှော် အားကစားနည်းအကြောင်းကို အင်းယားကန် လှေလှော်အသင်းအဖွဲ့ချုပ် ကူညီမှုဖြင့် အနု ပညာရှင်တစ်ဦးဖြစ်တဲ့ရတနာမိုင်နဲ့စီစဉ်ရိုက် ကူးဖြစ်ခဲ့ပါတယ်။

ရိက်ကွင်းစတည်ချိန်မှာပဲ လှေလှော် အားကစားနည်းပြိုင်ပွဲဝင်သူတို့ရဲ့ ဟန်ပန်သရုပ် ကိုအားမာန်ပါပါ ပုံဖော်ဖို့ လှေလှော်တက် ကိုင်ကာ ရေပြင်ေ ပ်ါက ပြိုင်ပွဲဝင်လှေဝမ်းဗိုက် ထဲမှာ မကြောက်မရွံ့သရုပ်ဆောင်နေ တဲ့ကို မြင်ရတာဟာ ရတနာမိုင်လည်း ကြည်နူး ဂုဏ်ယူစရာဖြစ်စေခဲ့ပါတယ်။

"ငယ်ငယ်ကတည်းကလည်း ရေမြင်ရင် တအားကူးချင်ခဲ့တယ်။ အခုလို လှေနဲ့ ရိုက်ရတော့လည်း ပျော်တယ်။ အနုပညာရှင်တစ်ယောက် အနေနဲ့ ပြည်သူ့အကျိုးပြုလှုံ့ဆော်ပေးရတာကို ဂုဏ်လည်းယူမိပါတယ်။ အားကစားသမားတွေလို ပရော်ဖက်ရှင်နယ် မဟုတ်ပေ မယ့် အားကစားနဲ့ အနုပညာကို ပေါင်းစပ်ပြီး ပြည်သူ တွေသိဖို့ လှုံ့ဆော်ရတာဝမ်းသာမိ ပါတယ်" လို့ ငယ်ငယ်ကတည်း က ရေကူးနည်းကို တအားကြိုက်ခဲ့သူ လည်းဖြစ် အခုလို လှေလှော်အားကစားနည်းကို အနုပညာ ရှင်တစ်ဦး အနေနဲ့ နိုင်ငံတော်အတွက် ပြည်သူ့အကျိုးပြုစိတ်နဲ့ လှုံ့ဆော်ပေးခွင့် ရတာကို ဂုဏ်ယူမိတယ်လို့ ရတနာ မိုင်ကဆိုပါတယ်။ဒါ့အပြင် မြန်မာ တစ်ယောက်အနေနဲ့ဆီးဂိမ်း ပြိုင်ပွဲ မှာကိုယ့်မြန်မာနိုင်ငံ ကို တခြားနိုင်ငံတွေ ရဲ့ အထက်မှာမြင်ချင် ကြောင်း၊ ဆီးဂိမ်းလှုံ့ဆော် ရေးဇာတ်လမ်းတို အနေနဲ့ သေနတ် ပစ် အားကစားနည်းအကြောင်း ရိုက် ကူးခဲ့တာလည်း အမှတ်တရတွေ အများကြီးရှိခဲ့ကြောင်း၊ ဆီးဂိမ်းပြိုင် ပွဲကိုလည်း ပရိသတ်တွေ အများကြီးလာရောက်အားပေးဖို့ မျှော်လင့်ထားပြီး ပြိုင်ပွဲဝင်မယ့်နိုင်ငံ့ကိုယ်စားပြုအားကစားသမားတွေ အနေနဲ့ လည်း ရွှေ တံဆိပ်ဆုတွေ အများကြီးဆွတ်ခူးကာနိုင်ငံ့ဂုဏ် ဆောင်နိုင်ကြစေလိုကြောင်း ရတနာမိုင်ကပြောပြခဲ့ပါတယ်။ ၂၆ကြိမ် မြောက် အင်ဒိုနီးရှား ဆီးဂိမ်းပြိုင် ပွဲမှာ မြန်မာ့လှေလှော်အဖွဲ့အနေနဲ့ ရွှေ၁ဝဆု၊ ငွေ၆ဆု၊ ကြေး ၃ ဆု ဆွတ်ခူးရရှိနိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် နိုင်ခဲ့ပါတယ်။ ကိုယ့် မြေကိုယ့်ရေ မှာလုပ်မယ့် ဆီးဂိမ်းအတွက်လည်း မြန်မာ့လှေလှော်အသင်းဟာ ကစားသမား၁၆၃ဦးမြန်မာနည်းပြ ၁၁ ဦး၊ နိုင်ငံခြားသားနည်းပြ ၃ဦးတို့နဲ့လေ့ကျင့်နေတယ်လို့ သိရပါတယ်။


ရဲရဲ၊ သီဟ
ဓာတ်ပုံ - မင်းမင်းထွန်း၊ မိတ်ကပ်- မော်ဂျူးမိုးကုတ်(Mirro)

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ