ဘရစ်တနီ၏ သီချင်းဗီဒီယိုသစ်တွင် သူမ၏သားနှစ်ဦး ပါဝင်သရုပ်ဆောင်


ဘရစ်တနီ စပီးယားစ်သည် သူမ၏ သီချင်း ဗီဒီယိုသစ်တွင် သားနှစ်ဦးကိုပါ ထည့်သွင်း သရုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။ ဘရစ်တနီ၏ သားနှစ်ဦးဖြစ်သော အသက်(၇)နှစ်အရွယ် ရှောင်ပရက်စတန်၊ အသက်(၅)နှစ်ရှိ ဂျေဒန်ဂျိမ်းစ်တို့သည် ‪#‎Ohh‬ La La သီချင်း ဗီဒီယိုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဘရစ်တနီသည် သားနှစ်ဦးနှင့်အတူ ရုပ်ရှင်ရုံထဲတွင် ကျီစယ်နေသည့် ဇာတ်ဝင်ခန်းကို ထည့်သွင်းထားခြင်း ဖြစ်သည်။ Smurf 2 ကာတွန်းရုပ်ရှင်ကို သားအမိ(၃)ဦး အတူကြည့်ရှုနေရင်း မိခင်ဖြစ်သူက ကာတွန်းရုပ်လေးများနှင့် ပေါင်းစည်းသွားပြီး မျက်လှည့်ဆန်ဆန် ဖန်တီးပြရာတွင် ဘရစ်တနီ၏ သားများက အံ့ဩသွားဟန် သရုပ်ဆောင်ထားကြသည်။

ဘရစ်တနီသည် အနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အပြာရောင် လူပု ကာတွန်းရုပ် ‪#‎Smurf‬ လေးများနှင့်အတူ ‪#‎Animation‬ ရေးဆွဲထားသည့် သီချင်းဗီဒီယိုကို စိတ်ကူးယဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။ ရိုက်ကွင်းမြင်ကွင်းတွင် ဘရစ်တနီ၏ (၅)နှစ်အရွယ် တူမလေး မက်ဒီသည်လည်း သားအမိ (၃)ဦးနောက်တွင် ရှိနေသည်ကို တွေ့ရသည်။

ဘရစ်တနီက အဆိုပါ သီချင်းဗီဒီယိုကို ‪#‎Vevo‬ တွင် လွှင့်တင်ပြီးချိန်တွင် "ကျွန်မရဲ့ ကလေးတွေ ချစ်စရာ မကောင်းဘူးလား"ဟု Twitter ၌ ရေးသားခဲ့သေးသည်။ ဘရစ်တနီ၏ သားငယ်(၂)ယောက်သည်လည်း အဆိုပါ ရိုက်ကွင်း အတွေ့အကြုံကို ပျော်ရွှင် ဝမ်းသာနေခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ