ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီးထွက်လာသည့် မိုင်လီ


မိုင်လီဆိုင်းရပ်စ်တစ်ယောက် ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီး ထွက်လာခြင်းကြောင့် သူမ၏ အချစ်ရေးအပေါ် မေးခွန်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။ လီယမ်ဟမ်းဆွော့သ်နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းနေချိန်တွင် မိုင်လီသည် ချစ်သူမပါဘဲ ဘဟားမားစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လေယာဉ်ဖြင့် ရောက်ရှိလာသည့် မိုင်လီသည် လီယမ်မပါဘဲ လူအများရှေ့ ထွက်လာခဲ့သည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ အသက်(၂၀)အရွယ် အဆိုတော် မင်းသမီးသည် မကြာသေးမီက လီယမ်နှင့်အတူ ရုပ်ရှင် ထွက်ကြည့်ခဲ့သော်လည်း လပေါင်း အတော်ကြာကြာအတွင်း ယင်းသည် နှစ်ဦးတွဲလျှက် မြင်ရသည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

လီယမ် အနေဖြင့် အလုပ်ကိစ္စများ ရှိနေသည့်တိုင် နှစ်ဦးအတူ ချိန်းဆိုပြီး အဆင်ပြေမည့် အချိန်မျိုးတွင် မိုင်လီ အနေဖြင့် အပန်းဖြေခရီး မထွက်သည့် အကြောင်းရင်းကို အမျိုးမျိုး ထင်ကြေးများ ဖြစ်ပေါ်နေသည်။
မျက်မြင်များကမူ သမပိုင်းဇုန်ရှိ လှပသော ‎#Resort လေးတွင် မိုင်လီသည် သက်တောင့်သက်သာပင် ရှိနေဟန် တွေ့ရကြောင်း ပြောဆိုခဲ့သည်။

မိုင်လီသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မီယာမီတွင် အလန်းစား ရေကန်ဘေး ပါတီတစ်ခုကို ဆင်နွှဲခဲ့သေးသည်။ မိုင်လီနှင့် လီယမ်တို့သည် ဇွန်လ (၁၇)ရက်နေ့က ဟောလီးဝုဒ်ရှိ အာ့ခ်လိုက် ရုပ်ရှင်ရုံတွင် ‎#Man ‎#of ‎#Steel ဇာတ်ကားကို အတူထွက်၍ ကြည့်ခဲ့ဖူးပြီး ယင်းသည် နှစ်ဦးအတူ တွေ့ရသည့် နောက်ဆုံးအကြိမ် ဖြစ်သည်။ လတ်တလောတွင် ဩစတြေးလျ ရုပ်ရှင်မင်းသားသည် ကနေဒါတွင် ‎#Cut ‎#Bank ဇာတ်ကားကို ရိုက်ကူးလျှက်ရှိသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ