ရံပုံငွေ ခြေစမ်းပွဲတွင် MNL Foreigners Team ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

မန်ယူ ကစားသမားဟောင်းများ ပါဝင်သည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် မြန်မာ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ အသင်း (MNL Foreigners Team) ခြေစမ်းပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၄နာရီက သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ရာ ပွဲအပြီး MNL Foreigners အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။

ပထမပိုင်းတွင် မန်ယူကစားမား ၄ အင်ဒီကိုးလ်၊ ဒင်းနစ် အာဝင်၊ ကလေတန် ဘလက်မိုးနှင့် လီရှပ်တို့ နိုင်ငံခြားသား အသင်းမှ ပါဝင်ကစားခဲ့ကြသည်။ ပွဲချိန် ၈မိနစ်တွင် မြန်မာအသင်း ကောင်တာ တိုက်စစ်မှ မိုင်အိုက်နိုင်၏ ပေးပို့မှုကို အောင်မြင့်အေး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ရာ ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။ ပွဲချိန် ၉မိနစ်တွင် ဆီဇာ ညာတောင်ပံမှ ဂိုးရှေ့ချပေး သည်ကို နေပြည်တော်မှ ကမ် ပြေးဝင်ပိတ်သွင်းခဲ့သဖြင့် MNL All Stars အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ မြန်မာအသင်းမှာ တိုက်စစ်တွင် ရန်ပိုင်နှင့် မိုင်အိုက်နိုင်တို့ကိုထားပြီး ၄-၄-၂ ပုံစံဖြင့် ရင်ဆိုင်ခဲ့ပြီး MNL All Stars အသင်းမှာ တိုက်စစ်တွင် ဆီဇာကို အထောင်တိုက်စစ်မှူး အင်ဒီကိုးလ်ကို နောက်ချန်တိုက်စစ်မှူးပုံစံဖြင့် ပွဲထွက်ခဲ့ပြီး ၄-၅-၁ပုံစံဖြင့် ကစားသွားခဲ့သည်။ ပွဲချိန် ၂၃မိနစ်တွင် မန်ယူကစား သမားဟောင်း လီရှပ်အစား ဇေယျာရွှေမြေတိုက်စစ်မှူး ဆာဆာ ၀င်ရောက်ကစားခဲ့သည်။ ပွဲချိန် ၂၄တွင် ဆီဇာ၏ ဖြတ်တင်ပေးမှုကို ဘလက်မိုး မြေမကျကန်သွင်း ခဲ့သော်လည်း ဂိုးလွန်ဘော ဖြစ်ခဲ့ရသည်။ ပွဲချိန် ၂၆မိနစ်တွင် မြန်မာ့ လက်ရွေးစင်အသင်းမှ မင်းသူ အဝေး ကန်ချက်ဖြင့် ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးဘားပေါ်မှ ကျော်သွားခဲ့သည်။

 ပွဲချိန်၂၈မိနစ်တွင် MNL All Stars အသင်းမှ ဘလက်မိုးအစား နီကိုလာ ၀င်ရောက်ကစားခဲ့သည်။ ပွဲချိန် ၃၀မိနစ်တွင် အင်ဒီကိုးလ် ဂိုးသမားနှင့် နှစ်ဦးချင်းတွေကာ အပိုင်ကန်သွင်းခွင့် ရခဲ့သော်လည်း သီဟစည်သူ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် မြန်မာအသင်းမှ မိုးဝင်းအစား ၀င်းမင်းထွဋ် ၀င်ရောက်ကစားခဲ့ပြီး MNL Foreigners အသင်းတွင် အာဝင်အစား ဂျောင် ၀င်ရောက်ကစားခဲ့သည်။ ပွဲချိန် ၄၅ မိနစ်တွင် မြန်မာ့ လက်ရွေးစင် အသင်း ဂိုးဧရိယာထိပ်တွင် ရရှိ သည့် ပြစ်ဒဏ်ဘောကို ဒိုမီနစ် အပြင်း ကန်သွင်းခဲ့သော်လည်း ဂိုးလွန်ဘော ဖြစ်ခဲ့ရသည်။ ပထမပိုင်းအပြီးတွင် MNL All Stars အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိနေသည်။

ဒုတိယပိုင်းတွင် မန်ယူ ကစားသမားဟောင်းများ ဖြစ်သည့် ဘလက်မိုး၊ အင်ဒီကိုးလ်၊ အာဝင်တို့ ၃ဦး မြန်မာ့လက်ရွေးစင် အသင်း တွင် ၀င်ရောက်ကစား ခဲ့ကြသည်။ပွဲချိန် ၄၆မိနစ်တွင် အီနာမာ အဝေးမှဂိုးသွင်းရန် ကြိုးပမ်းချက် ဂိုးလွန်ဘော ဖြစ်ခဲ့ရသည်။တစ်မိနစ် အကြာတွင် အင်ဒီကိုးလ် ညာတောင်ပံမှ ဖြတ်တင်ပေးသည်ကို စည်သူဝင်း အပိုင်ခေါင်းတိုက်သွင်းယူခဲ့သော်လည်း ဂိုးဘေးမှ ကပ်ထွက်ခဲ့သည်။ ဒုတိယပိုင်းတွင် အင်ဒီကိုးလ် တောင်ပံမှ ဖန်တီးပေးပို့မှုများ ပြုလုပ်ခဲ့သော်လည်း စည်သူဝင်း အပိုင် အသုံးမချနိုင်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင်အသင်းချေပဂိုးမရရှိခဲ့ဖြင်းဖြစ်သည်။

ပွဲချိန် ၅၂မိနစ်တွင် ၀င်းမင်းထွဋ် ဧရိယာအတွင်း ဥပဒေပ ဖျက်ထုတ်ခဲ့သည့်အတွက် ပင်နယ်တီပေးခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ဆာဆာက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့သည်။ ပွဲချိန် ၅၃ မိနစ် တွင် မြန်မာ့လက်ရွေးစင်အသင်းမှ စိုးမြတ်မင်း နောက်ပြန် ကန်ချက် ဘားတန်း ထိထွက်ခဲ့သဖြင့် ချေပဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။ ပွဲကစားချိန် ၅၅ မိနစ်တွင် MNL Foreigners အသင်းမှ ဆာဆာ နောက်ခံလူ ၂ဦးကို ကျော်ဖြတ် ကန်သွင်းခဲ့သော် လည်း ဂိုးသမားနိုင်ဇေယျာထွန်း ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ပွဲချိန် ၆၀တွင် ဘယ်တောင်ပံမှ ဖြတ်တင်ပေးမှုကို အင်ဒီကိုးလ် ပိတ်သွင်း ဂိုးလွန်ဘော ဖြစ်ခဲ့ရသည်။ နာကျင်အချိန်ပိုတွင် ထောင်ကန်ဘောမှ အောင်ကျော်မိုး၏ ပိတ်သွင်းချက်မှ လျှံထွက်လာသည်ကို အင်ဒီကိုလ်း ကန်သွင်းခဲ့သဖြင့် မြန်မာတို့ ချေပဂိုး တစ်ဂိုး ရရှိခဲ့သည်။ ပြိုင်ပွဲကို ပထမပိုင်း ၃၅မိနစ် ဒုတိယပိုင်း ၃၅မိနစ်ယှဉ်ပြိုင် ကစားခဲ့ပြီး ပွဲအပြီးတွင် MNL Foreigners အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဧရာဝတီ ဖောင်ဒေးရှင်း၊ CEA Myanmar တို့ ပူးပေါင်း ကျင်းပသည့် အဆိုပါ ခြေစမ်းပွဲကို ပရိသတ် အထူးတန်း အပြည့်နှင့် ရိုးရိုးတန်း ပွဲကြည့်စင် နေရာ တော်တော်များများ လာရောက် အားပေးခဲ့ကြပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲအပြီးတွင် Gala Dinner ကိုလည်း Park Royal Hotel ၌ကျင်းပခဲ့ပြီး ကွင်းဝင်ကြေး များနှင့် ညစာစားပွဲမှ ရရှိသည့် ၀င်ငွေများကို လူမူရေး အဖွဲ့အစည်းများသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Written by Okocha - Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ