ဒိုင်များကို ဖီဖာက ထောက်ပံ့မည့် စီမံချက် MFF ပထမဆုံးအကြိမ်ရ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ဒိုင်လူကြီးများကို ထောက်ပံ့ပေးမည့် စီမံချက်တစ်ခု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ပထမဆုံးအကြိမ် ရရှိခဲ့ကြောင်း မြန်မာဘောလုံး ဒိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားသည်။

ဒိုင်လူကြီးများ အနေနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ လူငယ် ကစားသမားသစ်များ မွေးထုတ်မည့် အစီအစဉ်များ၊ သက်တန်းအလိုက် လူငယ်ပြိုင်ပွဲများတွင် ပါဝင် ဆောင်ရွက်နိုင်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒိုင်လူကြီး သင်တန်းများ ဖွင့်လှစ်နိုင်မှုတို့ကို သုံးလ တစ်ကြိမ် စစ်ဆေးနိုင်ရန် ဖီဖာသို့ ပေးပို့ရမည် ဖြစ်ရာ ဒိုင်များ၏ တိုးတက်မှုကို ကြည့်၍ ထောက်ပံ့ကြေး ဆက်လက်ပေးမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းစီမံချက်ကို အာရှဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်
မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဂျော်ဒန် နိုင်ငံတို့က ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ဘောလုံး ဒိုင်လူကြီးများ၏ စံချိန်စံညွှန်းကို ဖီဖာက စစ်ဆေးပြီး ထောက်ပံ့ပေးခြင်းမှာ ကောင်းမွန်သည့် အချက်ဖြစ်ကြောင်း၊ သို့မှသာ ၎င်းတို့၏ စွမ်းရည် မြင့်တက်လာမည်ုဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ် ဦးဇော်လေးမောင်က
ပြောကြားသည်။

“ဒိုင်တွေကို ဝေဖန်ချင်တဲ့စိတ် ကျွန်တော့မှာ မရှိတော့ဘူး”ဟု မြန်မာ ဒိုင်လူကြီးများနှင့် ပတ်သက်၍ ဦးဇော်လေးမောင်က မှတ်ချက်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီးများ ဌာနနှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့ ဇွန်လ ဒုတိယပတ်တွင် သုံးရက်ကြာ ညှိနှိုင်းဆွေးနွေး ခဲ့ပြီးနောက် ဒိုင်လူကြီးများ စွမ်းရည် တိုးတက်ရေး အတွက် ရှေ့ပြေး စီမံချက် (Pilot Project) ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ