ပြည်ပဖျော်ဖြေပွဲတွေမှာ မြန်မာ အမျိုးသမီး စွမ်းရည်တွေကို ဂီတနဲ့ ထုတ်ဖော်နေတဲ့ Me N Ma Girls အဖွဲ့


မြန်မာအမျိုးသမီးငါးဦး ဖွဲ့ စည်းထားတဲ့Me N Ma Girls အဖွဲ့က ‘မင်္ဂလာပါ’ ဆိုတဲ့ တေး အယ်လ်ဘမ်ကို မြန်မာပြည်တွင်း မှာ ဖြန့်ချိထားပြီး ၂ဝ၁၃ နှစ် ဆန်းပိုင်းမှာတော့ အမေရိကန် အခြေစိုက် Power Music Record Label  နဲ့ ချိတ်ဆက် မိခဲ့ပြီးတစ်နှစ်ခွဲ စာ ချုပ်ချုပ်ဆိုခဲ့ ကာအမေ ရိကမှာ အသံသွင်းယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ထဲမှာသွားခဲ့တဲ့ Me N Ma  ရဲ့ အမေရိက အသံသွင်းခရီးစဉ်မှာတော့Women in the world  ဆိုတဲ့ အမျိုးသမီးများအခွင့်အရေး ဆိုင်ရာ ပွဲတစ်ခုလည်း ရှိနေတာကြောင့် အဲဒီပွဲမှာဖျော်ဖြေရေးအနေနဲ့Me N Ma Girls အဖွဲ့ က သူတို့ရဲ့သီ ချင်းတွေနဲ့ ဝင်နွှဲခဲ့ပါသေးတယ်။ အမေရိကန်က Power Music   နဲ့ ချိတ်ဆက် မိပုံနဲ့ ပတ်သက်ပြီး Me N Ma Girls   အဖွဲ့က “ညီမ တို့ က’မင်္ဂလာ ပါ’ စီးရီး ထုတ်ပြီးတဲ့အခါ You Tube  မှာ လည်းတင်တယ်။

အွန်လိုင်းပေါ်မှာ လည်း ဖြန့်တယ်။ အဲဒီကနေမှ ညီမ တို့သီချင်းတွေကို ကြည့်ဖြစ်တဲ့ နိုင်ငံ ခြားမီဒီယာတွေကတစ်ဆင့် ဒီမှာ အင်တာဗျူး တွေ လုပ်ရင်းနဲ့ သူတို့ နိုင်ငံတွေမှာ ပြန်လွှင့်ရင်းနဲ့ ညီမတို့ အကြောင်းကို အဲဒီက ပရိုဂျူဆာက သတိထားမိသွားတယ်။ အဲဒါနဲ့ ဆက်သွယ်လာရင်းနဲ့ တစ်နှစ်ခွဲ စာချုပ် ချုပ်ဖြစ်သွားတာပါ” လို့ Me N Ma Girls အဖွဲ့က ပြောပါတယ်။

 ချာချာ၊ ထိုက် ထိုက်၊ အမွန်း၊ ကီမီ၊ ဝေနှင်းတို့ငါးဦးနဲ့ ဖွဲ့ စည်းထားတဲ့..Me N Ma Girls အဖွဲ့ ယခင်နှစ် ပိုင်းမှာကတော့ Tiger Girls  ဆိုတဲ့ နာမည် နဲ့ ပွဲထွက်လာခဲ့တာပဲဖြစ်ပါ တယ်။ Tiger Girl  အနေနဲ့ ဖွဲ့စည်း စဉ်မှာတော့ သူတို့အဖွဲ့ဟာ ကော်ပီ သီချင်းများကိုသာ အဓိကထားသီဆို ခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ ကို ပြချင်တဲ့အတွက်Me N Ma  လို့ ထပ်မံဖွဲ့စည်းပြီး အားသစ်လောင်းခဲ့ တာဖြစ်ပါတယ်။

   ”Tiger Girls မှာတုန်းက ပရို ဂျူဆာစိတ်ကြိုက်သီချင်းတွေပဲ ဆိုခဲ့ ကြတယ်။ ညီမတို့က Level  အထိ သွားချင်တဲ့အခါကျ တော့ ပရိသတ်တွေက လည်း ပြော တယ်။ နင်တို့က International အထိသွားချင်တယ်သာပြောတယ်။ ကော်ပီတွေပဲဆိုနေတာပဲတဲ့။ဒါပေမဲ့ အခွင့်သာတဲ့တစ်နေ့ကျရင် Own Creation  လုပ်မယ်ဆိုပြီး တွေးထား တယ်။ အဲဒါနဲ့ တစ်နှစ်ပြည့်တဲ့အခါ ကိုယ့်ဘာသာလုပ်ဖြစ်တယ်။ အဲဒီ အချိန်မှာ ညီမတို့ငါးယောက်စလုံး ဘာမှမရှိဘူး။ အဲဒီတော့ ဆက်လုပ် ကြမလား၊ ခွဲကြမလားဆိုတော့ အားလုံးသွားချင်တဲ့ Original  သီချင်းတွေ ချမပြရသေးဘူး။ အဲဒီ တော့ ငါတို့ အားလုံး ကိုယ်ပိုင်သီချင်း နဲ့ မားမားမတ်မတ်ချပြကြမယ်ဆို ပြီး ရှိတာလေးတွေကုပ်ကပ်ပြီး Me N Ma  ကို လုပ်လာကြတယ်။ စိတ်ဓာတ် မကျဘဲနဲ့ ကိုယ်ပိုင်သီချင်းတွေလုပ်ပြ ခဲ့လို့ အင်တာနေရှင်နယ်အထိ သွား ခွင့်ရခဲ့တယ်ထင်တယ်” လို့ Me N Ma  အဖွဲ့ကပြောပါတယ်။ Me N Ma  အဖွဲ့က အခုဆိုရင် ပြည်ပမှာ သီချင်း ၃ ပုဒ် အသံသွင်းယူခဲ့ပြီဖြစ် ပြီးWomen in the world ပွဲမှာ ဖျော်ဖြေခဲ့တဲ့ Girl Strong ဆိုတဲ့ သီချင်းကတော့ အမျိုး သမီးတွေရဲ့ စွမ်းအားကိုပြသတဲ့ သီချင်းမျိုးလည်း ဖြစ်ပါတယ်။Me N Ma   အဖွဲ့အနေ နဲ့ ဖြစ်ပေးလာတာက အမျိုးသမီးတွေ ရဲ့ စွမ်းဆောင်ရ ည် ဘယ်လောက်ထိ ရှိတယ်ဆိုတာကို ပြသဖို့နဲ့အဖွဲ့ဝင် အားလုံးကလည်း အမျိုးသမီးဝါဒီ ထက်သန်သူတွေဖြစ်ပါတယ်။

ပြည်ပမှာလည်းအမျိုးသမီး ဆိုင် ရာအခွင့်အလမ်းတွေအတွက် သူတို့အဖွဲ့ဟာအသိအမှတ်ပြု မှုကိုရရှိနေပြီဖြစ်ပါတယ်။အမျိုး သမီးစွမ်းအားအတွက် ရည်စူး စပ်ဆိုထားတဲ့ Girl Strong ဆိုတဲ့သီချင်းက အင်တာနက်က i tune မှာ လည်းတင်ထားပြီး ပြီဖြစ်ပြီးဝယ်ယူကြည့်ရှု နား ဆင်ကြသူ တွေမျာြး ပားကြောင်း လည်းသိရပါတယ်။ လတ်တ လောမှာတော့ Me N Ma   အဖွဲ့က ပြည်ပ မှာသွင်းယူခဲ့တဲ့ သီချင်းတွေကိုအမ်တီဗီရိုက်ဖို့ အတွက်ပြင် ဆင်နေပြီး လအနည်း ငယ်အတွင်းမှာပြည်ပကို ပြန် သွားဖို့ရှိတယ်လို့လည်း သိရ ပါတယ်။ Me N Maအနေ နဲ့ကပြည်ပမှာအသံသွင်း ယူမှု  တွေပြု လုပ်နေပေမယ့် သူတို့ရဲ့ သီချင်းတွေကိုမြန်မာ ပရိသတ် တွေအနေနဲ့လည်း နားဆင် ဝေဖန်ပေးစေချင်ကြ တယ်လို့ လည်းပြောခဲ့ပြီး ဘယ်ကိုပဲ   ရောက်ရောက်ကိုယ်က မြန်မာ လူမျိုး၊ မြန်မာအ မျိုးသမီး တွေဖြစ်တယ်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့တဲ့ အတွက် ကြောင့်လည်းအား လုံး ကသတိ ထားမိသွားတယ်လို့ပြော ပါတယ်။

ရဲရဲ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ