မကြာခင် သားလေး ရရှိတော့မည့် မင်းသမီး Kate Winslet

အော်စကာဆုရှင် ဗြိတိသျှ မင်းသမီး Kate Winslet သည် သူမနှင့် ယမန်နှစ် ဒီဇင်ဘာလက လက်ထပ်ခဲ့သည့် တတိယမြောက် ခင်ပွန်း Ned Rocknroll နှင့် ပထမဦးဆုံး သားဦးလေး ရရှိတော့မည် ဖြစ်သဖြင့် ၀မ်းမြောက်လျက် ရှိကြောင်း သိရှိရသည်။

Kate  နှင့် Ned တို့သည် ၂၀၁၁ ခုနှစ်မှ စတင် ချစ်ကြိုက်ခဲ့ခြင်း ဖြစ်သည်။ Kate သည် ၁၉၉၈ ခုနှစ်က Hideous Kinky ဇာတ်ကား၏ လက်ထောက်ဒါရိုက်တာ Jum Threapleton ဆိုသူနှင့် ပထမဦးဆုံး အကြိမ် လက်ထပ်ခဲ့ပြီး Mia Honey အမည်ရှိ သမီးတစ်ဦး ထွန်းကားခဲ့ပြီး ၄င်းတို့နှစ်ဦးသည် ၂၀၀၀ ပြည့်နှစ်တွင် လမ်းခွဲခဲ့ကြသည်။ ဒုတိယမြောက်အနေဖြင့် American Beauty ဇာတ်ကားရိုက်ကူးသူ အော်စကာဆုရှင် ဒါရိုက်တာ Sam Mendes နှင့် ၂၀၀၃ ခုနှစ် မေလတွင် လက်ထပ်ခဲ့ပြီး Joe Alfie အမည်ရှိ သားတစ်ဦးထွန်းကားခဲ့ကာ ၂၀၁၀ ခုနှစ်တွင် လမ်းခွဲခဲ့ကြပြန်သည်။  Kate သည် ၂၀၀၉ ခုနှစ်က The Reader ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ဆွတ်ခူးရရှိခဲ့သည်။

Source: AFP

by MRTV-4

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ