အနုပညာအိမ် ကလေး ထဲက အဆိုတော် မီးမီးခဲ တို့ရဲ့ မိသားစု အကြောင်း


မျိုးဆက်လက်ဆင့် ကမ်းပုံရိပ်နှင့် အနုပညာအိမ် ကလေး ထဲက အဆိုတော် မီးမီးခဲ တို့ရဲ့ မိသားစု အကြောင်း

လူသေသော်လည်း နာမည် မသေဘဲ ခုချိန်ထိ ဂီတလောက မှာ၊ ပရိသတ်တွေကြားမှာ ရှင် သန်နေသူကတော့ တေးရေး တေးဆို ဂီတမှူးစောဘွဲ့ မှူးပဲ ဖြစ်ပါတယ်။ ဂီတအနုပညာကို မြတ်နိုးပြီးချစ်တဲ့ပါရမီဖြည့်ဖက် ဖြစ်တဲ့ ဇနီးဖြစ်သူ ဒေါ်နော်ဖော ဝါးကလည်းစန္ဒရားအတီးသာ မကအသံေ ကာင်းသူတစ်ဦး လည်း ဖြစ်တယ်။သားသမီးတွေ အားလုံး ဂီတအနုပညာဗီဇသွေး ပါသလို မြေးတွေအထိပင်အဘိုး အဘွား သွေးက စကားပြောနေ သလားဆို ရအောင်အနုပညာအပေါ် ခုံမင် ရူးသွပ်နေကြတာတွေ့ရပါ တယ်။

အနုပညာနဲ့ ဘဝကို မဖြတ်သန်းစေချင်သူ ဖခင်စောဘွဲ့မှူးရဲ့ ဆန္ဒ

ဖခင်ဖြစ်သူ ဂီတမှူးစော ဘွဲ့မှူးဟာ ကိုယ်တိုင် ဂီတအနု ပညာဘက်မှာထူးချွန်ထက် မြက် တဲ့ပါရမီရှင်တစ်ဦးဖြစ်ပေမယ့် မိမိရဲ့သားသမီးတွေ ရဲ့ဘဝကို အနု ပညာအလုပ်နဲ့မဖြတ်သန်းစေလို ကြောင်း၊ဖခင်ဖြစ်သူရဲ့ဂီတအနု ပညာအပေါ်အလေးနက်ထားပုံကို “အဘိုးက (စစ်ဘက်ရေး ရာ)ဗိုလ်မှူးကြီး။ အဖေတို့မျိုးရိုး ကပညာရေးကိုဦးစားပေးတယ်။ ဖေဖေရဲ့ညီအစ်ကိုတွေဆို အား လုံး ပညာတတ်အရာရှိတွေပဲ။ ဖေဖေတစ်ယောက် ပဲ ဒီဂီတ လမ်းကြောင်းပေါ် ရောက်သွား တာ။ သူဂီတလမ်း ကြောင်းပေါ် လျှောက်တုန်းက အိမ်က သဘော မတူလို့ ဂျစ်ကန်ကန်လုပ်ပြီး ဂီတကို ဖန်တီးခဲ့တာ။ ဖေဖေတို့ ခေတ်က ဂီတအနုပညာသမား တွေကို တအားအထင်မြင်သေး ကြတယ်။ ဒါပေမဲ့ ဖေဖေက ဒါ တွေ ဂရုမစိုက်ဘူး။ နောက် ပြီး အလုံဘုရားကျောင်းမှာ မေမေ နဲ့ ဆုံတယ်။

မေမေလည်း ဂီတ ကို တအားချစ်တဲ့သူဖြစ်တယ်။ ဖေဖေနဲ့မေမေမေတ္တာမျှပြီး အိမ် ထောင်ကျတယ်။ဘဝကိုခက်ခက် ခဲခဲ ဖြတ်သန်းကြရတယ်။
ဒါပေမဲ့သူက ဂီတကိုဖန်တီး တယ်။ သီချင်း တွေဖန်တီးတယ်။ ဖေဖေဆုံး တုန်းကမီးခဲကအသက် ၁၁နှစ်ပဲရှိသေးတာလေ။အဖေ မဆုံးခင်က မီးခဲကို တစ်ခုပဲမှာ ခဲ့တာ။ အဲဒါက “သမီးငယ်နင် လုံးဝမြူးဇစ်ရှင်ဂီတသမား မလုပ် ရဘူး။စာကြိုးစားပြီးဆရာဝန် ဖြစ်အောင် လုပ်” လို့မှာခဲ့ တာ။ ဒါပေမဲ့ မီးခဲက ခေါင်းမာတယ်။ဂီတကို အသည်းထဲ နှလုံးသားဘဝထဲက နေချစ်တာ။ မီးခဲ ၁၈နှစ်နဲ့ အိမ် ထောင်ကျပေမယ့်ဂီတကိုမစွန့် ဘူး။ ဂီတကိုချစ်တယ်။အဖေပေး ခဲ့တဲ့ အမွေပဲလေ။သားတွေ၊သမီး တွေ ဂီတအနုပညာလောကမှာ နေရာတစ်ခုရတာကိုဖေဖေ မြင် တွေ့ခွင့်မရလိုက် တာစိတ်မကောင်း ဘူးလို့မီးမီးခဲက ပြောပြပါတယ်။

ဖခင်အနုပညာဗီဇ သွေးနဲ့ အနုပညာအမွေဆက် ခံသူ

အနုပညာသည်ဘဝဟာ ဘယ်လောက်ပင် ခက်ထန်ကြမ်း တမ်းနေစေကာမူ ဖခင်ဖြစ်သူရဲ့ အနုပညာဗီဇကသွေးနဲ့ဂီတ အနု ပညာအမွေကိုရဲဝံ့ ယုံကြည်စွာ အမွေ ဆက်ခံဖြစ်ခဲ့ကြောင်းကိုလည်း “ဂီတလုပ်လို့ ထမင်းငတ် နေရရင်လည်း ငတ်နေပါစေဆို ပြီး မီးခဲဂီတကိုပဲလုပ်တယ်။ကျန် တဲ့ေ မာင်နှမငါးယောက်စလုံးက သူတို့စီးပွားနဲ့ သူတို့ဖြစ်ကုန်ပြီ။ မီးခဲတစ်ယောက်ပဲ စီးပွားမလုပ် ဘဲဂီတကိုပဲဖက်တွယ်ထားတယ်။ အခု Youtube မှာ ဂီတနုတ်စ် တွေ လေ့လာပြီးသီချင်းတွေရေး နေတယ်။ဖေဖေသီချင်းတွေ ခု ချိန်ထိ ပရိသတ်တွေဘာကြိုက် တုန်း၊ လက်ခံတုန်း ဆိုတာသူ့အနု ပညာက တကယ့်ကို ထက်ပြီး လိုက်လို့မမီတာ။ အဖေပေးတဲ့ အမွေနဲ့ဘဝကို တည်ဆောက် နေပါတယ်ဆိုတာ အဖေ့ကို သိစေချင်လိုက်တာ”လို့ မီးမီးခဲ ကဖခင်မေတ္တာကို တမ်း တလွမ်း ဆွတ်စွာပြောပြပါတယ်။

ဘဝအခက်အခဲတွေကိုသီချင်းအဖြစ် ဖန်တီးသူ

မိမိကိုယ်တိုင်မိသားစု တစ် ခုနဲ့ဘဝကိုကျော်လွှားဖြတ်သန်း နေ ရချိန်မှာရင်ဆိုင်တွေ့ကြုံရသမျှ အခက်အခဲတွေ၊ခါးသီးဖွယ် ကောင်း မှုတွေကို သီချင်းအဖြစ်ဖန်တီး လိုက်ပြီးစိတ်ကု စားခဲ့ပုံအား.. “မီးခဲအိမ်ထောင်ကျခါစ က ကလေးအရွယ်ပဲရှိသေးတာ။ အိမ်ထောင်ရေး ကံမကောင်းခဲ့ ပေ မယ့် အရာအားလုံးကို လက် ဆောင်အဖြစ် မီးခဲပေးထားခဲ့ ပြီးပြီ။အခုမိန်းမသားတစ်ယောက် တည်းဆိုပြီး အားမငယ်ဘူး။ ငါ ဖြစ်အောင်လုပ် မယ် ဆိုပြီး လုပ်တယ်။အခုသမီးကိုကိုယ်တစ် ယောက်တည်း အားနဲ့ သူ့ကိုပြုစု တယ်။ရုန်းကန်တယ်။သုညက နေဘဝကိုပြန်စတယ်။ အရာအား လုံးကို ဘာမှမမက်မမောဘဲ ဖြူဖြူ စင်စင်နဲ့ လက်ဆောင် အဖြစ် ထားခဲ့ပြီး မီးခဲနဲ့သမီး နှစ်ယောက် တည်း ဘဝကိုပြန်စတယ်။အခုတစ် နှစ်တွင်းမီးခဲကြိုး စားပြီးသမီးကို English ကျောင်းထားနိုင် တယ်။

တစ်ယောက်တည်းဘဝ ကို ရုန်းကန်တဲ့အချိန်မှာ မီးခဲ တွက် အားကိုးရာကနံပါတ် တစ်က ဘုရားနဲ့ပတ်သက်တာ။ နံပါတ်နှစ်က အဖေ၊အမေပေး ထာခဲ့တဲ့ ဂီတသွေးပဲရှိတယ်။ အခုမီးခဲရင်ဆိုင်ရတဲ့ အခက်အ ခဲတွေကို သိပ်ခံစားရလွန်းလို့ သီချင်းအဖြစ် ဖန်တီးလိုက် တယ်။ အနားမှာလည်း သမီး လေးလည်းရှိတယ်”လို့ မီးမီးခဲ က ကိုယ်တွေ့ခံစားမှုနဲ့ တွဲယှဉ် ပြောပြပါတယ်။

ဘဝမှာ အဖေက စံပြသူရဲ ကောင်း

မိမိဘဝမှာရော၊ ဂီတအနု ပညာမှာပါ မိမိဖခင်က စံပြသူ ရဲကောင်း တစ်ဦးဖြစ်ပုံကို..မီးခဲဖေဖေ့စိတ်ကို သဘော ကျတယ်။ အဖေက မီးခဲရဲ့ စံပြ သူရဲကောင်းပါ။ အဖေဖန်တီး လိုက်တဲ့ ဂီတတွေဟာ အခု အချိန်ထိ ဂုဏ်သတင်းမွေးနေ တုန်းပဲ။သိပ်အားကျတယ်။ အဖေ ရဲ့ သီချင်းရေးတဲ့ငွေနဲ့ မီးခဲတို့ မောင်နှမတွေလူဖြစ်လာရတယ်။ အမေဆိုအဖေဆုံးသွားလည်း သူဘာမှမပူဘူး။ ခုထိသူက သူဌေးမကြီး။ ဖေဖေကသူမရှိ တော့ပေမယ့် သူသိပ်ချစ်ရတဲ့ သူ့မိန်းမကို ခုထိငွေကြေးရှာ ပေး နေတုန်းပဲ။ အဖေ့သီချင်း ကိုတစ်လတစ်ပုဒ်နှုန်းနဲ့ မေမေ က အမြဲရောင်းရတယ်။ မီးခဲတို့ မောင်နှ မတွေအားလုံးက စီးပွား ရေးလုပ်နေကြပြီ။ မီးခဲကတော့ လုံးဝမလုပ်ဘူး။ မီးခဲသာ သေ သွားရင် မီးခဲသမီးကို ဘယ်သူ စောင့်ရှောက်မှာလဲစဉ်းစား တယ်။ အဖေလိုပဲ ဂီတနဲ့ ဘဝကို အဆုံး သတ် မယ်” လို့မီးမီး ခဲ ကဆိုပါ တယ်။

မိခင်ဘဝ ရောက်မှ ဖခင်မေတ္တာကို ပိုမိုနားလည်

အခုလက်ရှိမှာ ကိုယ်တိုင် သမီးလေးတစ်ဦးရဲ့ မခိင်ဘဝ ပိုင်ဆိုင်ခွင့်ရနေတာမို့ ဖခင်ဖြစ် သူရဲ့သားသမီးတွေအပေါ်ထား ခဲ့တဲ့ မေတ္တာသဘော ဆန္ဒတွေ ကိုပိုမိုနားလည်သိရှိလာကြောင်း ကို မီးမီးခဲက “မီးခဲမိသားစုတွေ က ပြောတယ်။နင့်လိုထက်မြက် တဲ့သမီးလေးရှိတာသူတို့ပျော် တယ်။မီး ခဲငယ်ငယ်ကဆိုရင် ဘုရားကျောင်းမှာ Capm အမြဲ တက်တယ်။ ဆုအမြဲရတယ်။ ဒါကြောင့် ဖေဖေက ဆရာဝန် ဖြစ်စေချင်တာ။ ဒါပေမဲ့ မီးခဲ ငယ်ငယ်ကတည်းက ဒီအနု ပညာလောကထဲမှာ စိတ်ကိုနစ် ထားတော့ပညာရေးဘက် လွတ်သွားတယ်။ မီးခဲကို ပညာတတ် ကြီးဖြစ်စေ ချင်တဲ့ အဖေအမေရဲ့ ဆန္ဒကို မီးခဲသဘောပေါက်သွား ပြီ။ဘာလို့လဲဆိုတော့မြန်မာနိုင်ငံ အနေအထားနဲ့ဆိုရင် အဆိုတော် ပဲဖြစ်ဖြစ် သရုပ်ဆောင်ဖြစ်ဖြစ် အိမ်ထောင်ကျကလေးယူပြီး ရင် နာမည်ကသူ့အလိုလို လျော့ သွားတာကိုကပုံမှန်ဖြစ်နေတာ။ မီးခဲကတော့ဒါတွေလက်မခံဘူး။ မီးခဲက ဂီတနဲ့အ သက်ရှင်မယ် လို့ဆုံးဖြတ်ပြီးကတည်းက မီးခဲ တစ်ယောက်တည်း အောင် မြင်ပြီးမီးခဲတစ်ယောက် တည်း မကျော် ကြား ချင် ဘူး။ မီးခဲ သမီး နဲ့ မီးခဲကိုတွဲ မြင်စေချင်တယ်။ မိုးမိုးလို့ တစာ စာ အော်မယ့် သမီးလေးရှိနေပြီဆို တော့အဖေကိုသိပ် သတိ ရတယ်။ အဖေသာရှိ ရင်သူ့မြေးကိုချစ်မှာ ပဲ။ ဘာဖြစ်လို့လဲဆို တော့ သူ့မြေးကသူ့ လိုပဲဂီတကိုခုံမင် မြတ် နိုးတဲ့သူဖြစ်နေလို့ပဲ” လို့ ရင်ဖွင့်ပါတယ်။

ထူးထူး
ဓာတ်ပုံ-မင်းမင်းထွန်း
မိတ်ကပ်-စုစုထွေး

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ