(ဆိုးလ်၊ ဇွန် ၁၁)
ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင် လီဟိုရီသည် ရုပ်သံ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားထားခြင်းနှင့် ပတ်သက်ပြီး သူ၏ တွစ်တာ စာမျက်နှာပေါ်၌ ဖွင့်ဟပြော ကြားခဲ့သည်။ ”ကျွန်မကို ပရိသတ်တွေက ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ ဘာလို့ နားထားတာလဲ လို့မေးကြတယ်။ အနားယူချင်လို့ နားထားတာပါ။ အကြောင်းပြ ချက် ထွေထွေ ထူးထူး မရှိပါဘူး။ ဘာလို့ ဒါပဲ မေးနေကြတာလဲ” ဟု တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားထားသည်။ လီဟိုရီသည် ‘MONOCH-ROME’ အမည်ရှိ အယ်လ်ဘမ် ကို မေလက ဖြန့်ချိခဲ့ပြီး နှစ်ပတ်ကြာ အထိ အရောင်း မြှင့်တင်ရေး ရုပ်သံ အစီအစဉ် ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။
”ကျွန်မ အယ်လ်ဘမ်ကို ရုပ်သံ အစီအစဉ် ရိုက်ကူးမှုတွေ နှစ်ပတ်ပဲ လုပ်မယ်။ ဒါပြီးရင် တခြား အစီအစဉ် ရိုက်ကူးမှုတွေ ထပ် မလုပ်တော့ဘူး” ဟုမေ ၂၉ ရက်တွင် KBS Cool FM ၏ ‘ Kim C’s Music Show’ ၌ လီဟိုရီက ပြောကြားခဲ့သည်။ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ထားသော စာကိုတွေ့သည့် ပရိသတ် များ က ”ကောင်းကောင်း အနားယူပြီး ရိုက်ကူးရေးတွေ ပြန်လုပ်ပါ”ဟု ရေးသားခဲ့ကြောင်း သိရသည်။
သိင်္ဂီဝင်း
Yahoo News
Popular Myanmar News Journal
ရုပ်သံ အစီအစဉ်တွေ ဘာလို့ မရိုက်တာလဲ လီဟိုရီ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin