ရဲစုံထောက်ဖြစ်ရန် စိတ်ကူးယဉ်ခဲ့ဖူးကြောင်း တေလာဆွစ်ဖ် ဖွင့်ဟ

တေလာက သူမသည်ရာဇဝတ် မှုခင်း ရုပ်ရှင်များနှင့် ဗဟုသုတများကို စွဲလန်းစိတ်ဝင်စားသူ တစ်ဦးဖြစ်ပြီး ယင်းဇာတ်လမ်းများကို အလေးအနက် စောင့်ကြည့်လေ့ရှိကြောင်း ဆိုသည်။ 

တေလာဆွစ်ဖ်က မိမိသည် တစ်ချိန်က ရဲစုံထောက်တစ်ဦး ဖြစ်လာရန် စိတ်ကူးယဉ်ခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တေလာက သူမသည် ရာဇဝတ် မှုခင်း ရုပ်ရှင်များနှင့် ဗဟုသုတများကို စွဲလန်းစိတ်ဝင်စားသူ တစ်ဦးဖြစ်ပြီး ယင်းဇာတ်လမ်းများကို အလေးအနက် စောင့်ကြည့်လေ့ရှိကြောင်း ဆိုသည်။ တေလာက Capital FMနှင့် တွေ့ဆုံရာတွင် သူမအနေဖြင့် အဆိုတော် ဖြစ်မလာပါက အခြားအလုပ်အကိုင် နှစ်ခုကို စဉ်းစားမိမည်ထင်ကြောင်း ဝန်ခံခဲ့သည်။ တေလာက "ကျွန်မအနေနဲ့ အိမ်တွင်း အလှဆင် ပညာရှင် တစ်ယောက် ဖြစ်ချင်ဖြစ်လာ၊ မဟုတ်ရင်တော့ ရဲစုံထောက်တစ်ယောက် ဖြစ်လာချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်တော်တဲ့ စုံထောက်တစ်ယောက် ဖြစ်လာမယ်လို့ မတွေးမိပါဘူး"ဟု ဆိုသည်။

သူမက "ကျွန်မ မှုခင်းဇာတ်လမ်းတွေ၊ Showတွေကို ကြည့်တယ်။ ကိစ္စတိုင်းက အကြောင်းရင်း အခြေခံတွေကို မူတည်ပြီး ဖြစ်ပေါ်လာတတ်တယ် ဆိုတာကို မှုခင်းShowတွေက သင်ပြပေးတယ်လေ။ ကျွန်မက မှုခင်းတွေကို စိတ်ဝင်စားခဲ့တယ်။ Law And Orderတို့ CSIတို့ကိုလည်း ကြည့်ဖြစ်တယ်"ဟု မှတ်ချက်ပြုခဲ့သည်။ တေလာသည် ဆယ်ကျော်သက် ဘဝကတည်းက Countryဂီတ အဆိုတော်မလေး တစ်ဦးအဖြစ် လူသိများ အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပြီး လတ်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အတွက် အလုပ်များနေဆဲ ဖြစ်သည်။

Source: TheSun
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ