ကမ္ဘာ့စူပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံပြိုင်ပွဲနှင့် ပိုမိုနီးစပ်လာသော အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဂျိမ်းဒီဂီးလ်


လန်ဒန်    ဇွန်   ၉

အိုလံပစ် လက်ဝှေ့ ချန်ပီယံ ဂျိမ်းဒီဂီးလ်သည် ကန့်မြို့၌ ကျင်းပသော လက်ဝှေ့ပြိုင်ပွဲတွင် ခရိုအေးရှားမှ စတီပန်ဘိုဇစ်အား အနိုင်ရရှိပြီးနောက် ကမ္ဘာ့စူပါ မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ပြိုင်ပွဲတွင်

ဝင်ရောက်ယှဉ်ပြိုင်ရန် ပိုမိုနီးစပ်လာပြီ ဖြစ်ကြောင်း သိရသည်။ ယခုပွဲစဉ်တွင် ဒီဂီးလ်သည် ပွဲအစမှ စတုတ္ထအချီအထိ တောက်လျှောက် အသာစီး  ယှဉ်ပြိုင် ထိုးသတ်နိုင်ခဲ့ပြီး ပဉ္စမအချီ မတိုင်မီမှာပင် ဘိုဇစ်အား၎င်းလူများက ကြိုးဝိုင်းအတွင်း မှ ဆွဲထုတ်သွားခဲ့ခြင်း ဖြစ်သည်။ အသက်  ၂၇  နှစ်ရှိ  အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဒီဂီးလ်သည် ၎င်း၏ WBC ငွေခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါတွင် IBF ကမ္ဘာ့စူပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကားလ်ဖရော့ခ်ျနှင့် ယှဉ်ပြိုင် ထိုးသတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

 Written by  စကားဝါ (မြ၀တီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ