ဘေးလ်ကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်းမျိုးဖြင့် ရီးယဲလ် ခေါ်ယူနိုင်ဟု ဇီဒန်း ဝန်ခံ


ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် အတွက် နောက်ထပ် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲမှုမျိုး ပြုလုပ်လာနိုင်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်း၏ အမှုဆောင် အကြံပေး အရာရှိ ဇနီဒင်း ဇီဒန်းက ဝန်ခံခဲ့သည်။

ရီးယဲလ်သည် (၂၀၀၉)ခုနှစ်က မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ရာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် စတာလင်ပေါင် သန်း(၈၀) ပေးချေထားရသည်။ ယခုနွေရာသီတွင် တော့တင်ဟမ် ဟော့စပါးမှ ဘေးလ်ကို ခေါ်ယူရာ၌ အဆိုပါ စံချိန်တင် ဈေးနှုန်းထက် ပိုပေးကောင်း ပေးသွားနိုင်ကြောင်း ပြင်သစ် ဂန္ထဝင် ကစားသမားဟောင်းကြီးက မှတ်ချက်ပြုခဲ့သည်။ စပါးသည် ဘေးလ်ကို လက်မလွှတ်လိုဘဲ ရှိနေပြီး မဖြစ်မနေ ရောင်းထုတ်ရပါက ပေါင်စတာလင် (၈၅)သန်းမျှ အလိုရှိနေသည်။

ဇီဒန်းသည် ဝေလ လက်ရွေးစင် ဘေးလ်ကို နှစ်သက် သဘောကျကြောင်း ယခင်ကတည်းက ဝန်ခံထားသူ ဖြစ်သည်။ ၎င်းက "ဘေးလ်အကြောင်း လူပြောများလာတာ အဆန်းတော့ မဟုတ်ပါဘူး"ဟု ဆိုသည်။ ကလပ်အသင်း၏ အားကစား ဒါရိုက်တာ တာဝန်ကိုလည်း ရယူ ထားသည့် ဇီဒန်းက "ဥရောပမှာ အကြီးကျယ်ဆုံး ကလပ်အသင်းတွေက ဘေးလ်ကို မချိတ်ဆက်တဲ့ ဘောလုံးရာသီဆိုတာ မရှိနိုင်ဘူး။ စပါးဆီက သူ့ကို ဝယ်ချင်တယ် ဆိုရင်တော့ အသင်းတိုင်းဟာ ကြီးကြီးမားမား ငွေသုံးဖို့ လိုမှာပဲ။ ပြောရရင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်သွားနိုင်တယ်" ဟုလည်း ဆိုသည်။

ဇီဒန်းက "လောလောဆယ် ဥရောပမှာ ကမ္ဘာ့စံချိန်တင် ဈေးနှုန်းမျိုး ပေးနိုင်တဲ့ ကလပ်အသင်း (၄)ခု၊ (၅)ခုလောက်တော့ ရှိနေတယ်လေ"ဟုလည်း ပြောကြားသွားသည်။ ပေါင်စတာလင် (၈၅)သန်းမျှ ဈေးနှုန်းဖြင့် အမှန်တကယ် ကမ်းလှမ်းမှုကို စပါးအနေဖြင့်မူ လက်တွေ့ ငြင်းဆန်နိုင်မည် မဟုတ်ချေ။ လတ်တလောတွင် ရီးယဲလ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းသည် အသင်းမှ ထွက်ခွာ ပြောင်းရွှေ့ရေးအတွက် ဥရောပ ကလပ်အချို့နှင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်။

Ref: Daily Mail

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ