ဘိုင်ယန်သို့ လီဝင်ဒေါစကီးကို ပြောင်းရွှေ့ခွင့် ပေးမည် မဟုတ်ဟု ဒေါ့တ်မန် ကြေညာ


ဘိုင်ယန်မြူးနစ် အသင်းထံသို့ မိမိတို့၏ အဓိက တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို လက်လွှဲ ရောင်းချမည် မဟုတ်ဟု ဘိုရပ်ရှား ဒေါ့တ်မန် အသင်းက အတည်ပြု ကြေညာလိုက်သည်။

ပိုလန် လက်ရွေးစင် အနေဖြင့် ဒေါ့တ်မန်၏ ခါးသီး ပြိုင်ဘက်ဖြစ်ပြီး ယခုရာသီ ချန်ပီယံ လိဂ်ရော၊ ပြည်တွင်း ဆုဖလား (၂)လုံးပါ ဆွတ်ခူး ရယူ နိုင်ခဲ့သည့် ဘိုင်ယန် အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေသည်။ သို့သော်လည်း အသက်(၂၄)နှစ်ရှိ ကစားသမားကို ပြိုင်ဘက်၏ အင်အားတောင့်တင်းရေးအတွက် လက်လွှဲပေးမည် မဟုတ်ဟု ဒေါ့တ်မန်ဘက်က ပြောကြားခဲ့သည်။ ဒေါ့တ်မန်၏ တက်သစ်စ တိုက်စစ် ကစားသမားလေး မာရီယို ဂေါ့ဇီကို စာချုပ်ပါ သတ်မှတ်ဈေး အတိုင်း ပေးချေကာ ဘိုင်ယန်က ခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက် ကြယ်ပွင့် တစ်ဦးကို ဒေါ့တ်မန်က ဘိုင်ယန်ထံ လက်လွှဲ မပေးရန် တင်းခံထားခြင်း ဖြစ်သည်။

ထိုအနေအထားသည် လီဝင်ဒေါစကီးကို စိတ်ဝင်စား နေသည့် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်လည်း စိတ်ဝင်စားစရာ ဖြစ်လာသည်။ ယူနိုက်တက်သည် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက လီဝင်ဒေါစကီးကို မျက်စိ ကျနေခဲ့ခြင်း ဖြစ်သည်။ ဒေါ့တ်မန် အသင်း၏ CEO ဖြစ်သူက "(၂၀၁၃)ခုနှစ်မှာ အသင်းပြောင်းမယ် ဆိုရင်တော့ လီဝင်ဒေါစကီးဟာ ဘိုင်ယန်ကို ဘယ်လိုနည်းနဲ့မှ သွားခွင့်ရမှာ မဟုတ်ဘူး။ ဒီကိစ္စကို ကျွန်တော်တို့ သူရော၊ သူ့အေးဂျင့်ကိုပါ အသိပေးပြီးပါပြီ" ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်သည် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့် တိုက်စစ်မှူး ဝိန်းရွန်နီ နေရာတွင် အစားထိုးရန် လီဝင်ဒေါစကီးကို ဆက်သွယ် နေခြင်းလည်း ဖြစ်သည်။

Ref: Daily Mail

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ