ရန်ကုန်၊ ဇွန် ၅
‘ရှိနေမယ်’ တေးစီးရီး ထွက်ရှိပြီး ကတည်းက တစ်ကိုယ်တော်ခွေ မထွက်တာ ကြာပြီ ဖြစ်တဲ့ တေးသံရှင် ဟန်ထွန်းက သူရဲ့တတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ဖြစ်တဲ့ ‘ခေါင်းနဲ့ပန်း’ ကို ဇွန်လ ၆ ရက်နေ့က စတင်ပြီး ဖြန့်ချိတော့မှာပါလို့ The Voice ကို ပြောပါတယ်။
ဟန်ထွန်းက ‘အိပ်မက်ယန္တရား’ နဲ့ ‘ရှိနေမယ်’ တေးစီးရီး နှစ်ခွေ ထွက်ရှိထားပြီး ‘ခေါင်းနဲ့ပန်း’ ကတော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်ခွေပါ။ အဲဒီ တေးစီးရီးနဲ့ ပတ်သက်ပြီး “ဒီတစ်ခွေလုံးမှာက ကိုယ်ပိုင် သံစဉ်သီချင်းတွေ ချည်းပါပဲ။ Music ပုံစံ ကတော့ Hard Rork တွေ များတယ်။ သီချင်း အချိုကတော့ သုံးပုဒ်လောက်ပဲ ပါတယ်။ စီးရီးTitle ‘ခေါင်းနဲ့ပန်း’က အစိုင်း ရေးပေးထားတဲ့ မဆုံနိုင်တဲ့ ချစ်သူတွေ အကြောင်း အချစ်သီချင်း ချိုချိုလေးပါ။ ဒီခွေလုပ်တာ လေးနှစ်လောက် ကြာသွားတယ်။ သီချင်းတွေရရင် အကြမ်း သွင်းထားလိုက် ပွင့်လင်း ရာသီရောက်ရင် ရှိုးဆိုလိုက် နဲ့ တစ်ပုဒ် ချင်းစီကို စိတ်ကြိုက် လုပ်နေတာကြောင့်လည်း ကြာသွားတာပါ။ သီချင်းတွေ ကိုတော့ အားရ ကျေနပ်မှု အပြည့်အဝရှိ ပါတယ်” လို့ ဟန်ထွန်းက ပြောပါတယ်။
ခေါင်းနဲ့ပန်း တေးစီးရီးကို PTL စတူဒီယိုမှာ Iron Cross Band နဲ့ အသံ သွင်းယူထားတာ ဖြစ်ပြီး တေးရေးတွေ ကတော့ ကိုအောင်၊ အစိုင်း၊ လင်းလင်း၊ နောနော်၊ မီဂျူးတို့ ဖြစ်တယ်လို့ ဟန်ထွန်းက ဆိုပါတယ်။
The Voice Weekly
ဟန်ထွန်း၏ ‘ခေါင်းနဲ့ပန်း’ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin