လေတန်ဘိန်းစ်ကိုခေါ်ယူရန် မန်ယူ ကြိုးပမ်းလျက်ရှိ


မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် နောက်ခံလူ လေတန်ဘိန်းစ်ကို ခေါ်ယူရန် အလေးအနက် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် အသင်းဟောင်းတွင် ၎င်းနှင့် အတွဲညီခဲ့သော အင်္ဂလန် လက်ရွေးစင်ကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပြီး အဲဗာတန်က ငြင်းဆန်ခဲ့ကြောင်း Sky Sportsက ဖော်ပြခဲ့သည်။

သို့သော်လည်း မိုယက်စ်သည် ဘယ်တောင်ပံ နောက်ခံလူအတွက် ပေါင်စတာလင် (၁၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ထပ်မံ ချဉ်းကပ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၅)သန်းထိ တိုးမြှင့်ပေးသွားမည့် မက်လုံးမျိုးဖြင့် နောက်တစ်ကြိမ် အားထုတ်ရန် အသင့်ရှိနေဆဲဟု ဆိုသည်။

အဲဗာတန်တွင် မိုယက်စ်နေရာကို ဆက်ခံသော မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က မိမိတို့သည် ဘိန်းစ်ကို စာချုပ်သက်တမ်းတိုးရန် လိုလားကြောင်း ဝန်ခံထားသည်။ ယူနိုက်တက်သည် ပထမအကြိမ် ကမ်းလှမ်းမှုတွင် ပေါင်စတာလင် (၁၂)သန်းထိ ဈေးပေးခဲ့သော်လည်း မအောင်မြင်သည့်အတွက် နောက်ထပ် ဈေးတိုးပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၀၀၀၀)ဖြင့် (၂)နှစ် သက်တမ်းတိုး စာချုပ်ရန် အဲဗာတန်ကလည်း စီစဉ်နေကြောင်း သိရှိရသည်။

PlanetMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ