မြန်မာကာတွန်းကို နှစ်ခြိုက်တဲ့ မြန်မာ-ဂျပန်ပေါင်းကူးတံတားလေး မစန္ဒာဟန်(ခ) အဆာအိမိအဲ့

“Tabino Yubisashi Kaiwacho- Myanmar” လက်ညှိုးထိုးပြတဲ့ မြန်မာစကားပြော” အမည်ရှိတဲ့ ဂျပန်-မြန်မာ Speaking စာအုပ်ကို ၂ဝဝ၃ခုနှစ်က ပထမဆုံးထုတ် ဝေတဲ့ စာအုပ်မှာ ဂျပန်ဘာသာ စကားရော၊ မြန်မာဘာသာ စကားပါ တစ်ဦးတည်းရေးသား ပြုစုသူကတော့ဆရာမ မစန္ဒာ ဟန်(ခ)အဆာအိမိအဲ့ပဲဖြစ်ပါ တယ်။ သူ ဟာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ၁၉၉၈ ခုနှစ် လောက်က ရောက်ရှိခဲ့ကာ အခု အချိန်ထိ ကူးချည်သန်းချည်နဲ့ အကြိမ်ပေါင်း များစွာ မြန်မာ နိုင်ငံမှာ ရောက်ရှိနေခဲ့ ပါတယ်။ သူဟာဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်(ယခင်အိုဆာကာနိုင်ငံ ခြားဘာသာသင် တက္ကသိုလ်)မှာ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ကို ၁၉၉၈ ခုနှစ်ကရရှိခဲ့သူ တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ အဖ Asai Hiro နဲ့ အမိ Asia Taeko တို့မှ မွေးဖွားသော မွေးချင်း၂ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။

သူဟာမြန်မာနိုင်ငံကို ကန ဦး ကာလမှ အခုတိုင် Bussiness Consultant အဖြစ် လုပ်ကိုင်ရောက် ရှိနေခဲ့တာဖြစ်ပြီး၊ ကုန်သွယ်မှုလုပ်ငန်းနဲ့ပတ်သက် လို့လည်း ဆောင်ရွက်နေသူဖြစ် ပါတယ်။ အခုအခါမှာတော့ ဂျပန်နိုင်ငံမှာ YIBISH Co;Ltd  (ရိဘိ(ခ်ျ)ကုမ္ပဏီလီမိတက်) တည်ထောင်ကာ  ” Business to Seikatsu no Tsukaeru Myanmargo “(လူမှုစီးပွားရေးသုံး မြန်မာစကား)စာအုပ်ကို ကိုယ်တိုင်ရေးသားပြီး ကာတွန်းပုံများနဲ့ သရုပ်ပြကာ ၂ဝ၁၃ ခုနှစ် မတ်လက ဂျပန်မှာ ထုတ်ဝေခဲ့ပါတယ်။ဂျပန်-မြန်မာစကားပြော Speaking စာအုပ်ကို ထုတ်ဝေရခြင်းအကြောင်းကို မစန္ဒာဟန်(ခ)အဆာအိမိအဲ့က” မြန်မာလူမျိုးတွေရဲ့နေထိုင်ပြော ဆိုတာကဘယ်လိုပုံစံတွေလဲ။

မြန်မာတွေရဲ့ဓလေ့စရိုက်တွေ အဲဒါတွေကို ဂျပန်လူမျိုးတွေ လုံးဝမသိဘူး။ အဲဒါကြောင့် ဂျပန်လူမျိုးတွေအနေနဲ့ မြန်မာ့ ဓလေ့ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးမှုရှိအောင်၊ ပြောဆိုဆက်ဆံတဲ့နေရာမှာအဆင်ပြေအောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ပါ။ အရင်၂ဝဝ၃ ခုနှစ်ကထုတ်တဲ့ စာအုပ်ကကျတော့ တခြားကုမ္ပဏီက ထုတ်ဝေတာပါ။ နိုင်ငံခြားဘာသာအမျိုးမျိုးကို သူ့ဘာသာစကားအလိုက် ဂျပန်လူမျိုးတွေ ပြောနိုင်၊ မေးနိုင်၊ လေ့လာနိုင်အောင်ထုတ်တာပါ။ အခုတော့ကျွန်မကိုယ်တိုင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို စိတ်ပါဝင်စားလာလို့ ဂျပန်မှာ ကျွန်မကိုယ်တိုင် YIBISH Co; Ltd တည်ထောင်ပြီး စာအုပ်ထုတ်ဝေဖြန့်ချိရေး လုပ်နေပါပြီ။ အခုကျွန်မရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ ” Business to Seikatsu no Tsukaeru Myanmargo ” (လူမှု စီးပွား ရေး သုံး မြန်မာ စကား) စာအုပ်ကတော့ ကျွန်မရဲ့ YIBISH ကုမ္ပဏီက ပထမဆုံးထုတ်ဝေတဲ့ စာအုပ်ပါ။ ကျွန်မ အနေနဲ့ဂျပန်နဲ့ မြန် မာကြားမှာဆက် သွယ် ရေးကောင်းအောင် စာအုပ်စာပေထုတ်ဝေတာပဲ ဖြစ်ဖြစ်၊ ရိုက်ကူးရေးကိစ္စတွေပဲ ဖြစ်ဖြစ်၊တခြားစီးပွားရေး အလုပ် ကိစ္စတွေပဲဖြစ်ဖြစ်ကူညီပေးချင် ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

” စာပေနဲ့ပတ်သက်ရင် မြန် မာစာရေးနည်း၊သဒ္ဒါ၊ သတ်ပုံနဲ့တကွ ဂျပန်- မြန်မာအဘိဓာန် လည်းရေးသားထုတ်ဝေဖို့ အကြံရှိတယ်။ ကျွန်မက မြန်မာနိုင်ငံရောက် တိုင်း မြန်မာမှုတွေကိုလေ့လာလိုက်စားဖို့ မြို့နယ် အစုံကိုရောက်ခဲ့ပါတယ်။ ဈေးတကာကိုလည်း ရောက်တယ်။ ဈေးသည်တွေနဲ့လည်း စကားပြောဖြစ် တယ်။ မြန်မာစာကို  မြတ်နိုးသလို မြန်မာမှုတွေကို လည်းတန်ဖိုးထားပါတယ်။ မြန်မာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း အစုံဖတ်တယ်။ မြန်မာပြည်မှာတော့ ကျွန်မအတွက် လေ့လာမှတ်သားစရာ၊ ရေးစရာတွေ ချည်းပါပဲ။ နောက်ထုတ်ဝေမယ့် စာအုပ်တွေမှာလည်း မြန်မာ ကာတွန်းများနဲ့ ပူးတွဲဖော်ပြရေး သားသွားမှာပါ” လို့ မြန်မာဘာ သာစကားကိုတန်ဖိုးထား မြတ်နိုးကြောင်းမစန္ဒာဟန်(ခ)အဆာ အိမိအဲ့က ပြောပြခဲ့ပါတယ်။

ဂျပန်ပြည်မှာပဲ ဒီစာအုပ်၂ အုပ်စလုံး ရေးသားထုတ်ဝေခဲ့ပြီး စာအုပ်၂အုပ်စလုံးမှာ ကာတွန်း ပုံလေးတွေ ထည့်သွင်းဖော်ပြခဲ့ တယ်လို့ဆိုပါတယ်။ ဂျပန်လူ မျိုးတွေကလည်း ကလေး၊လူကြီး မရွေးကာတွန်းကို သဘောကျ ကြတယ်လို့ ပြောပြခဲ့ပါတယ်။ ဒုတိယထုတ်ဝေတဲ့ စာအုပ်မှာ မြန်မာနိုင်ငံက   ကာတွန်းဆရာရဲ့လက်ရာနဲ့ စာအုပ် ထုတ်ဝေရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ ” အရင်ကတခြားကုမ္ပဏီက ရေးခိုင်းတဲ့စာအုပ်မှာ သရုပ်ပြကာ တွန်းကဂျပန်ကာတွန်းဆရာနဲ့ ဆွဲတာပါ။ ဂျပန်- မြန်မာစကား ပြောစာအုပ်မှာ ကျွန်မက မြန်မာကာတွန်းဆရာနဲ့ပဲ ဆွဲချင်တယ်။ ဂျပန်ကာတွန်းဆရာက မြန်မာလူမျိုးတွေရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ စရိုက်ပုံစံတွေကို မသိပါဘူး။ အဲဒါကြောင့် ကျွန်မက ကာတွန်းဆရာကို အားလုံး ရှင်းပြရပါတယ်။ ကျွန်မကိုယ်တိုင် ပုံဆွဲပြီးတော့ ရှင်းပြရတယ်။ မြန်မာကာတွန်းဆရာ ဦးနံ့သာကတော့ ကျွန်မလိုချင်တဲ့ အတိုင်း ကွက်တိရေးဆွဲနိုင်ပါတယ်။

စကားပြောစာအုပ်ကို အထောက်အကူပြုတဲ့ ကာတွန်း ပုံတွေရေးဆွဲပေးပါတယ်။ဘာကြောင့်လဲ ဆိုတော့ ဂျပန်လူမျိုးတွေ အတွက် မြန်မာနိုင်ငံမှာ ဈေးဝယ်ရင် ဘယ်လိုပြောရမလဲဆိုတာ၊ မြန်မာစကားနဲ့ ဘယ်လိုပြောရ မလဲဆိုတာ ဒီကာတွန်းပုံလေး တွေကြောင့် အလွယ်တကူ နားလည်သဘောပေါက်နိုင်လို့ပါ” လို့ ပြောပြပါတယ်။
ဘာသာစကား စာအုပ်တွေမှာ ကာတွန်းနဲ့ဖော်ပြတာ ဟာနားလည် ရလွယ်ကူကြောင်း နဲ့ ဂျပန်လူမျိုးတွေက ကာတွန်း နဲ့ဆို ပိုစိတ်ဝင်စားကြောင်း ပြော ပြခဲ့တာကတော့..
” မြန်မာကာတွန်းနဲ့ ဂျပန်ကာတွန်းက တော်တော်ကွာတယ်။ မြန်မာကာတွန်းဆရာကျတော့ မြန်မာလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်နဲ့ စရိုက်ကိုသိ ပြီးသားဖြစ်လို့  ကာတွန်းနဲ့ ကောင်းကောင်းသရုပ်ဖော်နိုင်တယ်။  ရှင်းပြဖို့လွယ်တယ်။ သဘောပေါက်ဖို့လွယ်တယ်။ ဘာအကြောင်းရေးထားတဲ့ စာမျက်နှာလဲဆိုတာ တစ်ခေါက် ကြည့်ရုံနဲ့သိတယ်။ မှတ်မိလွယ်တယ်။ ဂျပန်လူမျိုးက ကာတွန်းကို တအားကြိုက်တယ်။ စိတ်ဝင်စားကြတယ်။  ကျွန်မနဲ့လက်တွဲလုပ်တဲ့ မြန်မာကာတွန်းဆရာ ဦးနံ့သာကလည်း ၁၉၆၃ ခုနှစ် လောက်ကတည်းက သတင်းစာ၊ ဂျာနယ်တွေမှာ အစဉ်အဆက်ရေးလာတဲ့ ကာတွန်းဆရာဆို တော့ အလုပ်လုပ်ရတာ အဆင်ပြေတယ်။ သူ့ကာတွန်းပုံတွေ ကိုလည်းကြိုက်တယ်” လို့ပြောခဲ့ပါတယ်။

သိမ့်သိမ့် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ