ဘန်နီဖြိုးရဲ့သီချင်းကို ဇာတ်လမ်းအဖြစ် ပုံဖော်ရိုက်ကူးနေတဲ့ ‘ဘေဘီပွစိ’ရိုက်ကွင်း

အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးက ရိုက် ကူးတဲ့ ကျူးရဲ့ဝတ္ထု၊ ကိုကျော်ရဲ့ဇာတ်ညွှန်းကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က လူမင်း၊   ရွှေမှုံရတီ၊ ယွန်းရွှေရည်စတဲ့ အနုပညာ ရှင်များနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ရိုက်ကွင်းနာမည်က ‘ဘေဘီပွစိ’ ဆိုတဲ့ ဘန်နီဖြိုးရဲ့ သီချင်းကိုဝယ်ပြီး ဟာသနဲ့ အိမ်ထောင်ရေးပညာ ပေး ဇာတ် ကားအဖြစ် ပြန်လည်ပုံဖော် ရိုက်ကူးထားခြင် ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်း ကတော့ ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ လူမင်းကို စက်ကထရီနဲ့ သဝန်တိုပြီး ရွှေမှုံရတီက ပြဿနာ ရှာတဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာပါ။ ဇာတ် ဝင်ခန်းအတွက် လို အပ်တဲ့ပစ္စည်းတွေကို သေသေချာချာ စိစစ်ရင်း ရီဟာဇယ်တွေလုပ်ပြီး ရိုက်ကူးနေတဲ့ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) က “ဒီဇာတ်ကားလေးက ဘန်နီဖြိုး ရဲ့ ဘေဘီပွစိဆိုတဲ့သီချင်းကို အခြေ ခံပြီးတော့ ဇာတ်လမ်းတစ်ပုဒ်ရိုက်ချင်တယ် လို့ပြောတာကြောင့် ရိုက်ဖြစ် သွားတယ်။ ရိုက်ရမယ့်အတွဲကလည်း လူမင်းနဲ့ ရွှေမှုံရတီ ဆိုတော့ သူတို့ရဲ့အသက်ကွာဟမှုအပေါ်မူတည် ပြီး ရိုက်ဖြစ်သွားတယ်။ ဒီဇာတ်ကားလေး က အချစ်ဟာသအိမ်ထောင်ရေး ပညာပေးဆို ပေမယ့် ပရိသတ်ကိုပေး ချင်တဲ့မက်ဆေ့ခ်ျက မိန်းကလေးတစ်ယောက်ဟာ သူ့အရွယ်အပိုင်း အခြား နဲ့အတူ ပြောင်းလဲလာတတ်တယ်။ အိမ်ထောင်ရှင်မအရွယ်ရောက်လာရင် အပျို တစ်ယောက်လိုလည်ပတ်ချင်တဲ့စိတ် မျိုး တွေနဲ့ ဆက်ပြီးနေလို့ မရတော့ဘူး။ အရွယ် နဲ့လိုက်ပြီး ရင့်ကျက်သင့်တဲ့အရွယ် ရင့်ကျက်ရ မယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးကိုပေးချင်တယ်။ ဟာသ နဲ့ ပညာပေးလေးတွဲပြီး ရိုက်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း အကြိုက်တွေ့မယ်လို့ထင်ပါတယ်” လို့ပြောပါတယ်။ ဒီ ဇာတ်ကားထဲမှာတော့ ကုမ္ပဏီပိုင်ရှင် တစ် ယောက်၊ပိုက်ဆံ ချမ်းသာတဲ့လူတစ် ယောက်အဖြစ် လူမင်းကသရုပ် ဆောင်ထား ပါ တယ်။’ကလေးချစ်’ ဇာတ်ကားက ဇာတ်ရုပ် နဲ့ ခပ်ဆင် ဆင်တူပေမယ့် ဒါရိုက်တာ ကွဲတာကြောင့် ဇာတ်လမ်း တင်ပြပုံလည်း ကွဲတယ်ဆိုတဲ့လူမင်းက…”ဟာသပုံစံလေးနဲ့ တင်ပြပုံလေး ကတော့ ဆန်းတဲ့ ဇာတ်လေးပါ။ သီချင်းလေးနဲ့သွားမှာပေါ့။ အဓိကက ဒါရိုက်တာညွှန်ကြားတဲ့အတိုင်း လုပ် သွားရင် ဇာတ်လမ်းတူခဲ့ရင်တောင် ကွဲသွားမှာပဲလေ” လို့ပြောပြပါတယ်။ ကလေးဇာတ်ရုပ်နဲ့ ပွစိပွစိလုပ်တတ် တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့..” ဒီဇာတ်ကားမှာလည်း ရွှေမှုံက ကလေးဆန်ဆန်လေးပါပဲ။ အသက် ကြီးတဲ့လူကြီးနဲ့ ရွှေမှုံကို အိမ်က စေ့စပ်ပေးတယ်။ အဲဒီလူကြီးကို ရွှေမှုံ တအားချစ်သွားတယ်။ သူ့ကို ချစ်တဲ့ အခါကျတော့ သူအလုပ်လုပ် နေလည်း ကိုယ်က အထင်တွေလွဲပြီး ပွစိပွစိလိုက်လုပ်တဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားပါ တယ်” လို့ ပြောပြပါတယ်။

မေမွန်မောင်၊ လွင်လွင်ထွန်း
 Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ