ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ၈ ကြိမ်မြောက်အဖြစ် နာဒယ်လ် ရရှိ


ယခုနှစ် ပြင်သစ်အိုးပင်းတွင် ဗိုလ်စွဲမှုကြောင့် နာဒယ်လ်သည် ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ၂ ကြိမ်တိုင် ဆွတ်ခူးရရှိသည့် ကစားသမားလည်း ဖြစ်လာ
 တနင်္ဂနွေည (ဇွန်လ ၉ ရက်) ညပိုင်းက ယှဉ်ပြိုင်ခဲ့သော ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ရာဖေး နာဒယ်လ်က ဒေးဗစ် ဖာရာကို ၆-၃၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ပြင်သစ်အိုးပင်း ချန်ပီယံဆုဖလားကို ၈ ကြိမ်မြောက် ဆွတ်ခူးရရှိသွားသည်။ နာဒယ်လ်သည် ပြင်သစ်အိုးပင်းတွင် အောင်မြင်မှုအစဉ်အလာကြီးသူနှင့် အတွေ့အကြုံကောင်းများ ပိုင်ဆိုင်ထားသူပီပီ ဖာရာအား အသာစီးရယူနိုင်ခဲ့ပြီး ပွဲငယ် ၃ ပွဲပြတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ပြင်သစ်အိုးပင်းတွင် ဗိုလ်စွဲမှုကြောင့် နာဒယ်လ်သည် ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ၂ ကြိမ်တိုင် ဆွတ်ခူးရရှိသည့် ကစားသမားလည်း ဖြစ်လာသည်။ ၎င်းသည် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်နှင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် စုစုပေါင်း ၇ ကြိမ်တိုင် ဆွတ်ခူးရရှိထားသူဖြစ်သည်။ နာဒယ်လ်နှင့် ဖာရာတို့၏ ပြင်သစ်အိုးပင်း ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်နေစဉ် ကစားကွင်းအတွင်းသို့ ဆန္ဒပြသူတစ်ဦး ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကာ ပွဲကို ခေတ္တမျှ ရပ်နားခဲ့ရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ