မြန်မာဘာသာနောက်ခံစကားပြော တရုတ်ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်မည်


ရန်ကုန်၊ ဇွန် ၉

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ China Radio International တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာဘာသာ နောက်ခံ စကားပြော ရွှေမင်းသားရဲ့သုခကမ္ဘာ အမည်ရှိ တရုတ်ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၁၃ ရက်နေ့မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း အဆိုပါဇာတ်လမ်းတွဲတွင် အသံဖြင့် သရုပ်ဆောင်ပေး ခဲ့သူ သရုပ်ဆောင်စည်သူမောင်က The Voice သို့ ပြောကြားသည်။

"ဒီဇာတ်လမ်းတွဲအတွက် တရုတ်ပြည် ဘေဂျင်းမြို့က C R I စတူဒီယိုမှာ အသံ သွားသွင်းခဲ့ရတယ်။ ကျွန်တော်တို့အတွက် အသံနဲ့သရုပ်ဆောင် ရတာက ဒါပထမဆုံးအတွေ့အကြုံဆိုတော့ အခက်အခဲတော့ ရှိပါတယ်။ ကျွန်တော်က အဓိကသရုပ်ဆောင် ရွှေမင်းသားနေရာအတွက် နောက်ခံ စကားပြောပေးရတယ်။ ဇာတ်ကားမှာ သရုပ်ဆောင်တာက ဒါရိုက်တာ ချပေးတဲ့ Dialogueကို ကိုယ် Mood ဝင်သလို ပြောလို့ရတယ်။ဇာတ်လမ်းတွဲ မှာကျတော့ မူလသရုပ်ဆောင်ရဲ့ Mood အတိုင်း ကိုယ်က ပြောရတာ ဆိုတော့ အခက်အခဲ အနည်းငယ်ရှိပါတယ်" ဟု ဇာတ်လမ်းတွဲအတွက် အသံဖြင့် သရုပ်ဆောင်ရာတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲကို ၎င်းက ဖွင့်ဟ ပြောဆိုသည်။

ရွှေမင်းသားရဲ့ သုခကမ္ဘာဇာတ်လမ်းတွဲကို တရုတ်လူမျိုး ဒါရိုက်တာ Jin Tai Lang က ရိုက်ကူးထားပြီး သရုပ်ဆောင် Wai Lei ၊ Li Xiao Lu နှင့် Song Dan Dan တို့က ပါဝင် သရုပ်ဆောင်ထားကာ မြန်မာနိုင်ငံမှ သရုပ်ဆောင် များဖြစ်ကြသည့် စည်သူမောင်၊ မိုးအောင်ရင်၊ သီရိရှင်းသန့်တို့ အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများဖြစ်သည့် စော မင်းနောင်၊ ယဉ်ယဉ်ရွှေ၊ သင်းသင်းခိုင်တို့က မြန်မာဘာသာဖြင့် နောက်ခံ စကား ပြောပေးထားကြောင်း၊ ဇာတ်လမ်းတွဲမှာ အပိုင်း ၄၀ ရှိပြီး အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့ ည ၇ နာရီအချိန်တွင် ပြသသွား မည်ဖြစ်ကြောင်း ကိုစောမင်းနောင်က ပြောကြားသည်။

သရုပ်ဆောင်တစ်ဦးဖြစ်သူ သီရိရှင်းသန့်ကလည်း "ညီမတို့ တရုတ်ပြည်မှာ အသံသွင်းတာ ၄၅ ရက်လောက်ကြာတယ်။ အသံနဲ့ သရုပ်ဆောင်တာ ပထမဆုံး အတွေ့အကြုံဆိုတော့ စိတ်ဖိစီးမှုတော့ ရှိပါတယ်။ ညီမ က ခေါင်းဆောင်မင်းသမီးနေရာအတွက် နောက်ခံစကားပြောပေးရတာပါ။ ဒီဇာတ်ကားထဲက မင်းသမီးက အရမ်းချွဲတယ်။ ညီမက အပြင် မှာ အေးအေးဆေးဆေး နေတတ်တယ်။ ဒါပေမဲ့ သူသရုပ်ဆောင်တဲ့ ကာရိုက်တာနဲ့ လိုက်အောင် ချွဲချွဲလေး ပြောပေးရတာပေါ့" ဟု ဇာတ်လမ်းတွဲ အတွက် အသံဖြင့် သရုပ်ဆောင်ပေးခဲ့ရသော အတွေ့အကြုံကို ပြောပြသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ