အခွန် လိမ်လည်မှု စွပ်စွဲချက်များ အတွက် တုံ့ပြန်နိုင်ရန် မက်ဆီ၏ ရှေ့နေအဖွဲ့ ပြင်ဆင်

အခွန် လိမ်လည်မှု အတွက် ကြုံနေရသည့် စွပ်စွဲမှု များကို ရင်ဆိုင် ဖြေရှင်းရန် လီယွန်နယ်လ် မက်ဆီ၏ ရှေ့နေများက အသင့် အနေအထား ပြင်ဆင်ထားကြောင်း သိရှိရသည်။

ဘာစီလိုနာ အသင်း၏ ကြယ်ပွင့် ကစားသမားနှင့် ၎င်း၏ဖခင် ဖြစ်သူတို့သည် အခွန်တိမ်းရှောင် လိမ်လည်မှုများ ရှိခဲ့ကြောင်း စွပ်စွဲခံ ခဲ့ရပြီး အာဂျင်တီးနား လက်ရွေးစင် မက်ဆီကိုယ်တိုင်က ယင်းကဲ့သို့ ကြုံလာခြင်းကို အံ့ဩ စိတ်ပျက်မိကြောင်း ဖွင့်ဟထားသည်။ ယခုအခါ မက်ဆီ၏ တရားရေး အကျိုးဆောင် အဖွဲ့မှ အိန်ဂျယ်လ် ဂျူအာရက်ဇ်က မိမိတို့ ရှေ့နေများသည် ကြုံလာရဖွယ် ရှိသည့် တရားရေး ရင်ဆိုင်ရမှုကို တုံ့ပြန်ရန် အသင့် ရှိနေပြီဟု ပြောကြားခဲ့သည်။ အဆိုပါ စွပ်စွဲချက် များသည် ဗုဒ္ဓဟူး နေ့က စတင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရ ရှေ့နေ ရာကွေး အာမန်ဒိုက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အသက်(၂၅)နှစ်ရှိ မက်ဆီနှင့် ၎င်း၏ ဖခင်တို့သည် မက်ဆီ၏ ရုပ်ပုံလွှာ အသုံးပြု မူပိုင်ခွင့် ဝင်ငွေများ အတွက် အခွန် ပေးဆောင်မှုကို ရှောင်တိမ်းခဲ့ပြီး ယင်းအတွက် ဆောင်ရွက်နေသည့် ကုမ္ပဏီ များကို စပိန်နိုင်ငံ ပြင်ပတွင် အခြေ ချစေခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဂျူအာရက်ဇ်က "ဒီသတင်းကို သတင်းဌာန တော်တော်များများက ရုတ်တရက် ထုတ်ပြန် ကြေညာလာတော့ ကျွန်တော်တို့ အံ့ဩမိတယ်။ ကျွန်တော်တို့ရော၊ ကျွန်တော်တို့ အကျိုးဆောင် ပေးရတဲ့ ပုဂ္ဂိုလ်တွေပါ လောလောဆယ် တရားရုံးနဲ့ ဆက်နွယ်တဲ့ ဘာအကြောင်း ကြားမှုမှ မရသေးပါဘူး" ဟု ဆိုသည်။

ဘာစီလိုနာ အသင်း၏ ကြယ်ပွင့် ကစားသမားနှင့် ၎င်း၏ဖခင် ဖြစ်သူတို့သည် အခွန်တိမ်းရှောင် လိမ်လည်မှုများ ရှိခဲ့ကြောင်း စွပ်စွဲခံ ခဲ့ရ...
၎င်းက "မက်ဆီကို ကိုယ်စားပြုတဲ့ တရားရေးနဲ့ ဘဏ္ဍာရေး ကောင်စီ အနေနဲ့ ကျွန်တော်တို့ကတော့ ဖြစ်လာနိုင်တဲ့ တရားဥပဒေအရ ချဉ်းကပ် အရေး ယူမှုတွေကို ဖြေရှင်းဖို့ အသင့်ပြင်ထားမှာပါ။ ကျွန်တော်တို့ အနေနဲ့ တရားမျှတမှုက လွှမ်းမိုးအောင်မြင်မယ်လို့ ယုံကြည်ပါတယ်" ဟုလည်း ပြောဆိုခဲ့သည်။ စပိန် ဥပဒေ အရ မက်ဆီသည် ပြစ်မှု ထင်ရှားကြောင်း စစ်ဆေး တွေ့ရှိမည် ဆိုလျှင် အမြင့်ဆုံး ထောင်ဒဏ်(၆)နှစ်ထိ ပြစ်ဒဏ် ချမှတ်ခြင်း ခံရနိုင်ကြောင်း သိရှိရသည်။

Ref: Goal

Soccer Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ