နောက်နောင် အလားတူ ကိစ္စများ မဖြစ်ပွားရန် ခံဝန်ကတိ ရေးထိုး၍ ရဲတိုက် အာမခံရယူ၊ ဇွန် ၁ဝ ရက်နေ့ ရုံးချိန်း၌ တရားရုံးက စီရင်ချက် ချမှတ်မည်

၂ဝ၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်း က ရန်ကုန်မြို့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းဝင်း အတွင်း ဝင်ရောက်၍  တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း အတွက် ဗိုလ်တထောင် ရဲစခန်းမှ ထိုနေ့ မွန်း လွဲ ၃နာရီ ၄၅ မိနစ်တွင် လာရောက် ထိန်းသိမ်းခဲ့ပြီး ဘာသာ၊ သာသနာ ကို ညှိုးနွမ်းစေရန် ရည်ရွယ်ချက်၊ ကြံစည်ချက်၊ အပြုအမူ လုပ်ဆောင်ခြင်း  ပြစ်မှု ဆိုင်ရာ  ဥပဒေ ပုဒ်မ (၂၉၅/က) ဖြင့် အရေးယူ ခံခဲ့ရသော သရုပ်ဆောင် ရဲတိုက်သည် မေလ၃၁ ရက်နေ့တွင် စိန့်မေရီ ကာသီဒြယ် ကျောင်းထိုင် ဘုန်းတော်ကြီး၊ သာသနာ့ အကျိုးဆောင်များနှင့် ဘာသာဝင် များကို အနူးအညွတ် တောင်းပန် ကြောင်းနှင့်၊ နောက်နောင် အလားတူ ကိစ္စများ မဖြစ်ပွားရန် တာဝန်ယူကြောင်း ခံဝန် ကတိရေးထိုးပြီး စိန်မေရီကာသီဒြယ် သာသနာ့ အကျိုးဆောင် ဥက္ကဋ္ဌနှင့် လက်ဆွဲနှုတ်ဆက် ကျေအေးခဲ့ကြသည်။

ဗိုလ်တထောင် မြို့နယ်မှူး ဦးစိန်ဝေ က “ရဲတိုက်က တောင်းပန်လိုက် တော့ နှစ်ဖက်စလုံးက အဆင်ပြေ သွားတဲ့ သဘောမှာ ရှိပါတယ်။ ရဲတိုက်ကို ၅သိန်းတန် အာမခံ ခံဝန်သူ နှစ်ဦးနဲ့ တရားရုံးက အာမခံပေး လိုက်တာပါ။ တရားရုံး ရုံးချိန်က ၁ဝ ရက်နေ့ပါ။ နှစ်ဖက် အဆင်ပြေတယ် ဆိုပေမယ့် တရားရုံးကို လာရမှာဖြစ်ပြီး တရား ရုံးကျမှ ဆုံးဖြတ်ရမှပါ” ဟု ဇွန် ၁ရက်နေ့က ပေါ်ပြူလာသို့ ပြော သည်။

ထက်လူလူ၊ သီဟ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ