အချစ်ရေးခံစားချက်အပေါ် လီယိုနာဒိုက ရောဘတ် ပက်တင်ဆန်ကို အကြံပြု

Twilightဇာတ်ကားများတွင် တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့် လမ်းခွဲခဲ့သည့်နောက် အတန်ငယ် စိတ်လေနေသော ရောဘတ်ကို ဟောလီးဝုဒ် ဝါရင့် မင်းသားတစ်လက်ဖြစ်သော လီယိုနာဒိုက အကြံဉာဏ်ကောင်းများ ပေးအပ်နေခြင်း ဖြစ်သည် 

အချစ်ရေး အဆင်မပြေ ဖြစ်မှုကြောင့် အလွန်အကျွံ စိတ်ဓာတ် မကျရန် ရောဘတ် ပက်တင်ဆန်ကို လီယိုနာဒို ဒစ်ကာပရီယိုက အကြံပြု တိုက်တွန်းထားကြောင်း သိရှိရသည်။ Twilightဇာတ်ကားများတွင် တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့် လမ်းခွဲခဲ့သည့်နောက် အတန်ငယ် စိတ်လေနေသော ရောဘတ်ကို ဟောလီးဝုဒ် ဝါရင့် မင်းသားတစ်လက်ဖြစ်သော လီယိုနာဒိုက အကြံဉာဏ်ကောင်းများ ပေးအပ်နေခြင်း ဖြစ်သည်။ Great Gatsbyစတား မင်းသားက မိမိ၏ သူငယ်ချင်းဖြစ်သူ ရောဘတ်အနေဖြင့် ခရစ္စတန်နှင့် လမ်းခွဲခဲ့သည့်တိုင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ရောဘတ်သည် လတ်တလောတွင် ခရစ္စတန်နှင့် လမ်းခွဲပြီးနောက် တစ်ကိုယ်တည်းသာ ဘဝကို ဖြတ်သန်းနေသည်။

ရောဘတ်နှင့် နီးစပ်သူ တစ်ဦးက "လောလောဆယ် ရောဘတ်က လော့စ်အန်ဂျလိစ်မှာပဲ သူငယ်ချင်းတွေနဲ့ လှည့်လည်ပြီး နေဖြစ်တယ်။ လီယိုနာဒိုက သူ့ကို ဖုန်းခေါ်ပြီး မုတ်ဆိတ်တွေရိတ်၊ အဝတ်အစား ကောင်းကောင်းလေးတွေ ဝတ်ပြီးတော့ နေဖို့ အကြံပေးတယ်။ ပြီးတော့ မီယာမီကို ပြောင်းလာပြီး သူ့အိမ်နားမှာ လာငှားနေဖို့လည်း ပြောသေးတယ်"ဟု ဆိုသည်။ ရောဘတ်၏ မိတ်ဆွေ တစ်ဦးက "လီယိုနာဒိုက ရောဘတ်ဟာ သိပ်ငယ်ရွယ်သေးတယ်။ အခြေတကျ ဖြစ်ဖို့ အချိန်ယူရဦးမယ် ဆိုတာကိုလည်း အကြံပေးတယ်။ လောလောဆယ် ရောဘတ်က လော့စ်အန်ဂျလိစ်မှာ အဆင်မပြေ ဖြစ်နေတယ်။ အဲဒီမှာက ခရစ္စတန်နဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ၊ နှစ်ယောက်လုံး ခင်မင်တဲ့ သူငယ်ချင်းတွေ အများကြီးပဲ။ တကယ်လို့ မီယာမီမှာ သွားနေရင်တော့ ရောဘတ်အတွက် ပိုပြီး စိတ်ပြေလက်ပျောက် ဖြစ်နိုင်ပါတယ်"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: FemaleFirst

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ