၂နှစ်ပြည့် ငြိမ်းချမ်းရေး ရည်စူး လှုပ်ရှားမူများ နေရာ အနှံကျင်းပ



ကချင်ဒေသတွင် စစ်ပွဲများကြောင့် သေဆုံးရရှာသူတွေ တိုင်းရင်းသား သွေးချင်းမောင်နှမ မိသားစုတွေကိုယ်စား ၀မ်းနည်းကြောင်းကို ထုတ်ဖေါ်ပြသ(ပန်းခွေချ)ကြခြင်း အစီအစဉ်ကို အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ကချင်ဒေသတွင် စစ်ပွဲများကြောင့် သေဆုံးရရှာသူတွေ တိုင်းရင်းသား သွေးချင်းမောင်နှမ မိသားစုတွေ ကိုယ်စား ၀မ်းနည်းကြောင်းကို ထုတ်ဖေါ်ပြသ(ပန်းခွေချ)ကြခြင်း အစီအစဉ်ကို ယနေ့ ၂၀၁၃ခုနှစ်ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီမှ စတင်ကာ မြို့ တော်ခန်းမရှေ့  ၊လွတ်လပ်ရေး ကျောက်တိုင်ရှေ့ ရှိ မဟာဗန္ဓုလပန်းခြံ စင်္ကြန်လမ်းမပေါ်မှာ ပြုလုပ်ခဲ့ရာ နာရေးကူညီမူ အသင်း(၇န်ကုန်) ဥက္ကဋ္ဌကြီးဦးကျော်သူ အပါအ၀င်အရပ်ဖက်လူ့ အဖွဲ့ စည်း အသီးသီးက တာဝန်ရှိသူများက ပန်းခွေချကာ ၀မ်းနည်းမူပြ၍ ဆုတောင်းမေတ္တာပို့ သခဲ့ကြသည်။

ယင်းသို့ ရန်ကုန်မြို့ ဗဟိုအချက်အချာ မဟာဗန္ဓုလပန်းခြံရှေ့ ပန်းခွေချ ဆုတောင်းမူကျင်းပ အပြီးယင်းအခမ်းအနားနှင့် ပတ်သက်ပြီး“ တရားဝင် စာတင်ထားရာ ခွင့်ပြုမိန့် ရရှိပြီးဖြစ်ကြောင်း ”အဆိုပါ ဆုတောင်းပွဲ ပြုလုပ်ရာတွင် လိုက်ပါမည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခွန်ဂျာက ပေါ်ပြူလာနယူးစ်သို့ ပြောကြားကြောင်းPopular Myanmar NewsJournal ဖေ့ဘုတ်မှာဖေါ်ပြသည်။

ကချင်စစ်ပွဲ နှစ်နှစ်အတွင်း သေဆုံးခဲ့ကြသူများအား ရည်စူး၍ ပြုလုပ်သည့် အဆိုပါငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက်ဆုတောင်းပွဲအစီအစဉ်ကိုယခုမဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့မှ စတင်ကာ မြို့နယ် ၅ မြို့ နယ်အတွင်းသိှု့လမ်းလျောက်ဖြတ်သန်းသွားပြီးဆုတောင်းပွဲပြုလုပ်မည်ဟုလည်းဆိုပါသည်။

ဓါတ်ပုံ-KM၊ထွဋ်မြတ်(သတင်း-ကိုးကား-ပေါ်ပြူလာနယူစ်)

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ