အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ


မလေးရှား ဘောလုံး အဖွဲ့ချုပ်မှ စီစဉ် ကျင်းပသော အာဆီယံ FAM FRENZ အာဆီယံ ယူ-၁၅ ချန်ပီယံရှစ် ၂ဝ၁၃ ပြိုင်ပွဲကို ဇွန် ၁ ရက်မှစ၍ စတင် ကျင်းပ နေပြီ ဖြစ်သည်။ ပြိုင်ပွဲတွင် အာဆီ

ယံ နိုင်ငံ များ ဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအို၊ မလေးရှား၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ အရှေ့ တီမော၊ စင်ကာပူ၊ ဗီယက်နမ်နှင့် မြန်မာ စသောနိုင်ငံ ၁၁ နိုင်ငံမှ အသင်းပေါင်း ၁၂ သင်း ပါဝင် ယှဉ်ပြိုင် လျက်ရှိသည်။ မလေးရှား အသင်းမှာ (က)နှင့် (ခ) အသင်း နှစ်သင်း ပါဝင်ယှဉ်ပြိုင် နေခြင်း ဖြစ်သည်။

အုပ်စုခွဲခြားထားပုံ

ပြိုင်ပွဲကို အုပ်စု နှစ်စု ခွဲခြား ထားပြီး အုပ်စု(က)တွင် ဗီယက်နမ်၊ မလေးရှား(က)၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ တီမော နှင့် စင်ကာပူတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် မြန်မာ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအို၊ မလေးရှား (ခ)နှင့် အင်ဒိုနီးရှားတို့ ပါဝင်သည်။ ပွဲစဉ် များကို အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ယှဉ်ပြိုင် ကစားလျက် ရှိပြီး အုပ်စု ပွဲစဉ် များသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ ဆီမီး ဖိုင်နယ်ကို သြဂုတ်လ ၃ ရက်မှ ၁၇ ရက်အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး တတိယ နေရာ လုပွဲကို သြဂုတ်လ ၂၄ ရက်နှင့် ၂၈ ရက်များတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ဗိုလ်လုပွဲကို သြဂုတ် လ ( ) ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

မန္တလေးအကယ်ဒမီ

မြန်မာ အသင်းကို မန္တလေး အကယ်ဒမီမှ ဘရာဇီး နိုင်ငံသား မားကို့စ်မှ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး မန္တလေး အကယ်ဒမီမှ ကစား သမား ၂၃ ဦး ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။ မြန်မာ အသင်းသည် ပွဲစဉ် ၁ တွင် အင်ဒိုနီးရှားကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး ဒုတိယ ပွဲစဉ်တွင် အိမ်ကွင်း၌ပင် ဖိလစ်ပိုင်ကို ၄-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ တတိယ ပွဲစဉ်တွင် ဘရူနိုင်း အသင်းနှင့် အဝေး ကွင်းတွင် ၂ ဂိုးစီ သရေ ကျခဲ့သည်။ မြန်မာ အသင်းတွင် လက်ထောက် နည်းပြ အဖြစ် ဦးအောင်အောင်ထွန်း၊ ဂိုးသမား ၃ ဦး၊ နောက်တန်းလူ ၉ ဦး၊ အလယ်တန်းလူ ၅ ဦး၊ ရှေ့တန်းလူ ၆ ဦးတို့ပါဝင်သည်။

ကျန်ရှိသောပွဲစဉ်များ

ကျန်ရှိသော ပွဲစဉ်များတွင် ဇွန်လ ၁၅ ရက်နေ့၌ လာအို အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့တွင် မလေးရှား (ခ)အသင်းနှင့် အိမ်ကွင်းတွင် လည်းကောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် အောင်ဆန်း ကွင်း၌ လာအို အသင်းနှင့် လည်းကောင်း၊ ဇွန်လ ၁၃ ရက်နေ့တွင် ဘရူနိုင်း ယူ-၁၅ အသင်းကို အိမ်ကွင်း ၌လည်းကောင်း၊ ဇွန်လ ၂ဝ ရက်နေ့တွင် ဖိလစ်ပိုင် ယူ-၁၅ အသင်းကို အဝေးကွင်းတွင် လည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် အဝေးကွင်း၌ အင်ဒို နီးရှား အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။

အုပ်စုအနေအထား

အုပ်စု(က)တွင် ဗီယက်နမ် အသင်းနှင့် မလေးရှား အသင်းတို့က ၃ ပွဲကစား ၇ မှတ်စီဖြင့် ဦးဆောင် နေပြီး ထိုင်းအသင်းက ၃ ပွဲကစား ၆ မှတ်ဖြင့် တတိယနေရာတွင်ရှိနေသည်။ မြန်မာ ပါဝင်သော အုပ်စု(ခ)တွင် အင်ဒိုနီးရှားက ၃ ပွဲကစား ၇မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှား(ခ)က ၃ ပွဲကစား ၅ မှတ်ဖြင့် အုပ်စုဒုတိယ၊ မြန်မာ အသင်း အနေဖြင့် လက်ရှိတွင် ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ၄ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင် ရောက်ရှိ နေသည်။ မြန်မာ ယူ-၁၄ အသင်း အနေဖြင့် အာရှ ခြေစစ် ပွဲတွင် ရှုံးနိမ့်ခဲ့မှုကို ယူ-၁၅ အသင်းက အောင် မြင်မှုဖြင့် ခြေဖျက် နိုင်မည်လား ဆိုသည်ကို စောင့်ကြည့် ရပါတော့မည်။

အုပ်စု(ခ)ရပ်တည်မှု

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်

အင်ဒိုနီးရှား ၃ ၂ ၁ ဝ ၈ ၃ ၇

မလေးရှား(ခ) ၃ ၁ ၂ ဝ ၄ ၁ ၅

မြန်မာ ၃ ၁ ၁ ၁ ၇ ၆ ၎

လာအို ၂ ၁ ၁ ဝ ၂ ၁ ၎

ဘရူနိုင်း ၂ ဝ ၁ ၁ ၃ ၆ ၁

ဖိလစ်ပိုင် ၃ ဝ ဝ ၃ ၂ ၉ ဝ

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ