ဟောလီးဝုဒ်မှာ ကမ္ပည်းတင်ခဲ့တဲ့ ဂျက်ကီချန်း ရဲ့ခြေရာ
ကမ္ဘာကျော် တရုတ်မင်းသား ဂျက်ကီချန်းက ဇွန်လ ၆ ရက်နေ့မှာ ဟောလီးဝုဒ် ရဲ့ နာမည်ကျော် တရုတ် ပြဇာတ်ရုံမှာ သူ့ရဲ့ခြေရာ၊ လက်ရာတွေကို ဘိလပ်မြေ ပြင် ချပ်ပေါ်မှာ ဒုတိယ အကြိမ် ကမ္ပည်း တင်ခဲ့ကြောင်း သိရပါတယ်။ ချန်းက နှစ်ပေါင်း ၄ဝ အတွင်း ရုပ်ရှင် ဇာတ်ကား ၁၅ဝ ကျော် သရုပ်ဆောင်ခဲ့ ပြီး သူ့ရဲ့ခြေရာ၊ လက် ရာ တွေကို ၁၉၉၇ ခုနှစ်က ပထမဆုံး အကြိမ် ကမ္ပည်း တင်ခဲ့ပါတယ်။ ချန်းက ဒုတိယ အကြိမ် လာရောက် ကမ္ပည်းတင်ခြင်း ဖြစ်ပြီး သူနဲ့အတူ Rush Hour ဇာတ်ကားမှ ပူးတွဲ သရုပ်ဆောင် ခရစ်တက်ကာ နဲ့ The Karate Kid ဇာတ်ကားမှ ပူးတွဲ သရုပ်ဆောင် ဂျေဒန်စမစ် စတဲ့ ဟောလီး ဝုဒ် သရုပ်ဆောင်တွေ လည်း ခြေရာ၊ လက်ရာ ကမ္ပည်း တင်ခဲ့ပါတယ်။
popular myanmar
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin