မြန်မာ အမျိုးသမီး အသင်း ဂျပန်နိုင်ငံတွင် လေ့ကျင့်ရန် ထွက်ခွါ


မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်နှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် လေ့ကျင့်မှုများ ပြုလုပ် ရန် ယနေ့ ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သည်။

မြန်မာ အမျိုးသမီး အသင်းအား ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးအသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး (ဇွဲကပင် ယူနိုက်တက် အသင်းပိုင်ရှင်)နှင့် MFF အမျိုးသမီး ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင် နှင့် အဖွဲ့ဝင်များ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကာ ကစားသမားများ အတွက် ထောက်ပံ့ကြေးများ တစ်ဦးချင်းစီ ပေးအပ်ခဲ့ကြသည်။

မြန်မာ အမျိုးသမီးအသင်းတွင် ကစားသမား ၂၄ ဦး၊ နည်းပြ/အုပ်ချုပ် အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၂၉ ဦးပါဝင်ပြီး ဇွန်လ(၂၈)ရက်နေ့ အထိ စခန်းဝင် လေ့ကျင့်မည်ဖြစ်ကာ ဂျပန် အမျိုးသမီး ဘောလုံး အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်းသည် ၂၀၁၂ ခုနှစ်ကလည်း ယခုကဲ့သို့ ဂျပန်နိုင်ငံတွင် သွားရောက် လေ့ကျင့်ခဲ့ဖူးပြီး အာဆီယံ ချန်ပီယံ ရှစ် ငွေတံဆိပ်ဆု ရရှိသကဲ့သို့ ယူ-၁၉ အမျိုးသမီး အသင်းလည်း အာရှခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

  Written by Okocha - Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ