ဆင်ဆာမှုဝါဒအောက်မှ လွတ်မြောက်လာသောအခါ

ဆင်ဆာမှုဝါဒအောက်မှ လွတ်မြောက်လာသောအခါအရပ်သား အစိုးရ ပေါ်ပေါက်လာပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ အစိုးရပိုင် မဟုတ်သော အဖွဲ့အစည်း (NGO)တွေ အပြိုင်အဆိုင် ပေါ်ပေါက် လာခဲ့ ပါတယ်။ ယခင်စစ် အစိုးရ လက်ထက်မှာ အစိုးရ တာဝန်ရှိသူ အများအပြားနဲ့ မူဝါဒ ပိုင်းဆိုင်ရာ တင်းကျပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဟာလည်၊ တတ်သိနားလည် တတ်ကျွမ်းတဲ့ အနုပညာရှင် တွေရဲ့ ဦးဆောင်မှုနဲ့ အတူ ရုပ်ရှင်လောက သားများ အကျိုးကို တာဝန်ထမ်းဆောင် ပေးမယ့် NGO အစစ်အမှန် အဖြစ် ဒီမိုကရေစီ နည်းကျကျ ပြန်လည်ဖွဲ့စည်း ခဲ့ပါတယ်။

ဒီလို ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ ရုပ်ရှင် အစည်းအရုံး သစ်ဟာ ရုပ်ရှင် လောက သားတွေ တွင်တွင် ကျယ်ကျယ် တောင်းဆို လာတဲ့ ဆင်ဆာမူဝါဒ လျှော့ ပေါ့ရေးကို အသက်ဝင်စေ ခဲ့ပါတယ်။

"မူဝါဒ တင်းကျပ်မှု တွေကြောင့် မြန်မာ့ ရုပ်ရှင် အဆင့်အတန်းဟာ နိုင်ငံတကာ စံချိန်မမီ တာပါလို့ ကြွေးကြော်ခဲ့ သူတွေ လည်း အများကြီး ရှိခဲ့ပေမယ့် မူဝါဒ အမှန် တကယ် လျှော့ချပေး ချိန်မှာတော့ ရိုက် ကွင်း၊ ရိုက်ချက်၊ ဇာတ်အိမ် တည်ဆောက် မှု၊ သရုပ်ဆောင် ပီပြင်မှုတွေဟာ ထင် လောက်တော့ တိုးတက် ပြောင်းလဲလာတာ မျိုးမရှိပါဘူး"ဟု အမည်မဖော်လိုသူ ဒါရိုက် တာ တစ်ဦးက ဆိုပါတယ်။

ဒါကြောင့် မောင်နဲ့နှမ၊ သားနဲ့အမိ မိသားစု အတူတကွ ကြည့်ဖို့ မသင့်တဲ့ ဇာတ် ကွက်တွေ ကတော့ ယခုတလော မကြာ ခဏဆိုသလို မြန်မာဗီဒီယို ဇာတ်ကားအချို့ မှာ တွေ့မြင် လာရပါတယ်။ ဒီလို အခြေအနေ တွေကြောင့် ပရိသတ် အချို့ရဲ့ စိုးရိမ်ပူပန် သံတွေတစ်စ ထက်တစ်စ ဆူညံ လာခဲ့ပါတယ်။ မေးခွန်း ထုတ်စရာ လည်း ဖြစ်လာပါတယ်။ ဆင်ဆာမူဝါဒ လျှော့ပေါ့ပေးမှု ကနေတစ်ဆင့် လူငယ်တွေ ရေလိုက် လွဲစေနိုင်မလား ဆိုတာကိုပေါ့။

မစီးမျောရင် ရေလိုက်မလွဲပါ

မြန်မာနိုင်ငံရဲ့ စူပါမင်းသမီး တစ်လက် ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က သူမရဲ့ အမြင်ကို အခုလိုပဲ ပြောပြ လာပါတယ်။ "အရင်နဲ့ ကွာတာက အပြောလေးတွေ နည်းနည်း ကြမ်းလာတဲ့ သဘောထား ရှိတယ်။ Sexy ကျတဲ့အခန်း ဆိုပေမယ့်လည်း ဇာတ်ရဲ့ လိုအပ်ချက် အရဆိုရင် ထည့်ရိုက် ရမှာပဲ လေ။ လိုက်ပြီး မျောနေမှသာ ရေလိုက်လွဲ မှာပါ" လို့ ပြောလာပါတယ်။ လူငယ်တွေ ပရိသတ်တွေ ကလည်း ဖျော်ဖြေရေး အမြင် ဖြင့်သာ ကြည့်ဖို့လည်း ထည့်သွင်းပြော သွားခဲ့ပါတယ်။

ဆင်ဆာဖြေလျှော့မှုကို တန်ဖိုးရှိစွာ အသုံးချသင့်

ဆင်ဆာဖြေလျှော့မှုကြောင့် ဇာတ် လမ်းရွေးချယ် ရိုက်ကူးရာမှာ အတန်အသင့် တိုးတက် ပြောင်းလဲ ကောင်းမွန် လာခဲ့ပေ မယ့် အနုတ်လက္ခဏာ ဆောင်တဲ့ ဗီဒီယို ဇာတ်ကား အချို့လည်း ရှိတာကြောင့် ဒီမို ကရေစီရလို့ လမ်းမပေါ် ဆေးရိုး ထွက်လှန်း တယ်ဆိုတာမျိုး မဖြစ်ရအောင် ရထားတဲ့ အခွင့်အရေး တစ်ခုဖြစ်တဲ့ ဆင်ဆာဖြေလျှော့ ပေးမှုကိုလည်း အနုပညာ လောကသား တွေက တန်ဖိုးရှိစွာ အသုံးချသင့် တယ်ဆိုတဲ့ သဘောကိုတော့ "ပရိသတ်ကို ဖော်ပြတဲ့ အခါ လွတ်လပ်ခွင့်၊ တခြား နောက်မပြ သင့်တဲ့ အခန်းတွေကို မြန်မာ့ ယဉ်ကျေးမှု ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ အတွက် လွတ်လပ် ခွင့်ကို ဒါတွေနဲ့ ယှဉ်တွဲပြီး ပြသ သင့်တယ်" လို့ ဝါရင့် ဒါရိုက်တာတစ်ဦးက သုံးသပ် လာပါတယ်။

ဇာတ်လမ်းတွေကို အတန်းအစားခွဲပြီးပြသင့်

ဇာတ်ရဲ့လိုအပ်ချက်အရ ထည့်သွင်း ရိုက်ကူးရတဲ့ တိမ်းညွှတ် ယစ်မူးဖွယ်ပြကွက် တွေက မိသားစုနဲ့ အတူကြည့်ရင် မကြည့် သင့်တာကြောင့် ဗီဒီယို ဇာတ်ကားတွေကို အတန်း အစားခွဲပြီး ပြသင့်တယ်လို့ ဒါရိုက် တာ ဇမ္ဗူထွန်းသက်လွင်က ပြောပြပါ တယ်။ သာမန် ဇာတ်လမ်းတွေမှာတော့ အဲဒီ အခန်းတွေက မပြသင့်ပါဘူး၊ ဖန်စီ ဇာတ်ကား တွေမှာ ကာရိုက်တာအရ ဖော် ပြရမယ် ဆိုရင်တော့ ဖော်ပြသင့်တယ်၊ မိသားစု ကြည့်မယ့် ဒရမ်မာ ဇာတ်ကား လား၊ ဖန်စီလား၊ ပညာပေးလား ဆိုတာကို အတန်းအစားခွဲပြီးပြသင့်တယ်"လို့ ၎င်းက ပြောပါတယ်။ ရာဂစိတ်ကို နိုးကြွစေနိုင်တဲ့ ပြကွက် တွေဟာ ပရိသတ်ကို စော်ကားရာရောက် တယ်ဆိုတာကို အနုပညာရှင်တွေ အနု ပညာဖန်တီး သူတွေက သတိပြုရ မှာပါ။ မြန်မာ ဗီဒီယို ဇာတ်လမ်းကို ကျေးလက် နေပြည်သူ များတဲ့ မြန်မာပြည် ပရိသတ်တွေ က မိသားစုနဲ့ အတူတကွ ကြည့်ရှုမှုများ တာကြောင့် ဂရုပြုသင့် ကြောင်းလည်း အမည်မဖော် လိုတဲ့ ဒါရိုက်တာ တစ်ဦးက လည်း သုံးသပ်အကြံပေး ပြောကြားသွားခဲ့ ပါတယ်။

ဆင်ဆာဖြေလျှော့ပေးတာ အမှန်တကယ်တိုးတက်မှုရှိရဲ့လား

ဆင်ဆာလျှော့ပေါ့ မှုတွေကြောင့် နိုင်ငံ တကာ စံချိန်မီ ဇာတ်လမ်း ကောင်းတွေ ကြည့်ရတော့ မှာပဲလို့ အားခဲ ထားမိပေမယ့် အမှန်မှာတော့ အာရှစံချိန် ကိုတောင် ကောင်းကောင်း မမီသေးပါဘူး။ သို့သော် ငြားလည်း ကောင်းလာလိမ့် နိုးနိုးနဲ့အားပေး နေသူပရိသတ် တွေကတော့ အများကြီးပါပဲ လို့ ရန်ကုန်မြို့နေ ရုပ်ရှင်၊ ဗီဒီယိုပရိသတ် အချို့က ဆိုပါတယ်။ "ဆင်ဆာမူဝါဒ ဖြေလျှော့ ပေးတယ် ဆိုတုန်းက ကိုယ့်ဆီက အနုပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ ဘယ်လို လက်ကုန် ထုတ်မလဲ ဆိုတာကို အားခဲပြီးစောင့်ကြည့်ခဲ့ ပေမယ့် အဆင့်အတန်း ကောင်းကောင်းမမီ တဲ့ သရဲကား အများစုပဲ ထွက်လာတယ်" လို့ သုဝဏ္ဏမြို့နယ်က အခွေငှား ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

"ဟိုတစ်လောကအငှားရဆုံး ဇာတ် ကားကတော့ မျက်လုံးလေး ကလယ် ကလယ်ပဲ။ အဲ့ဒီကားထဲက ဇာတ်ဝင်ခန်း တွေက အရမ်းအသက်ဝင်တယ်ဆိုပြီး အငှားလိုက်တာပါ။ အမြင်ကလည်း ဆန်း တော့လေ"ဟု ၎င်းက ပြောပြပါတယ်။

"မျက်လုံးလေး ကလယ်ကလယ်" ဇာတ်ကားမှာ ကျရာဇာတ်ရုပ်ကနေ အပီ ပြင်ဆုံး ဆေးစက်ကျရာ အရုပ်ထင် နိုင်တယ် လို့ သတင်းကြီးနေသူ မင်းသမီး ရွှေမှုန်ရတီ ကတော့၊ "ဒီဇာတ်ကားမှာ ကာရိုက်တာ အရ ဒါရိုက်တာ ခိုင်းတဲ့ အတိုင်း သရုပ် ဆောင်ရတာ ဖြစ်ပြီး ကြိုးစား ချင်စိတ် တစ်ခု တည်းနဲ့ အဲ့ဒီအခန်းကို ရအောင်ကြိုးစားပြီး သရုပ်ဆောင် ထားတာပါ"လို့ ပြောပြလာ ပါတယ်။ ဆင်ဆာဖြေလျှော့မှု အပေါ်မှာတော့ မင်းသမီးက ကောင်းမွန်ကြောင်း ပြော ကြားခဲ့ပါတယ်။

ရုပ်ရှင်ထဲ ကလို အတုခိုးမှာ ကြောက်ပါသည်

လတ်တလော ရေပန်းစား မြန်မာ ဗီဒီယို ဇာတ်ကားထဲမှာ ပြကွက်များ အပေါ် လူငယ်များ အတုခိုး ကြမည်ကို စိုးရိမ်မိ ကြောင်းလည်း ကျူရှင် ဆရာတစ်ဦးက ပြောလာ ပါတယ်။ "ကျွန်တော်တို့ ငယ်ငယ် တုန်းကဇာတ် လမ်းထဲမှာ မင်းသား ဆေးလိပ်သောက် တာတွေ့ရင် အားကျတယ်၊ ဖိုက်တင်ခန်း ဆိုလည်း အားကျတာပေါ့၊ မြန်မာကား ဆိုတော့ မြန်မာ ပရိသတ်အပေါ်မှာ လွှမ်းမိုး မှုကအားကြီး တယ်လေ၊ မဟုတ်တဲ့ ပြကွက် တွေကို ကလေးတွေ အတုခိုးရင် ဘယ်လို လုပ်မလဲ။ တွေးမိရင် တော်တော်ကြက်သီး ထစရာကောင်းတယ်" လို့ မြန်မာဗီဒီယို ပရိသတ် တစ်ဦးဖြစ်သူ ကျူရှင် ဆရာက သူ့ရဲ့စိုးရိမ်မှုကို ထုတ်ပြော လာပါတယ်။

မူဝါဒ လွတ်လပ်မှုမှ

မြန်မာ ဇာတ်လမ်းများ ချစ်၊ ကွဲ၊ ညား ပုံသေကား ချပ်ဇာတ် လမ်းများမှ ရုန်းထွက် ၍ နိုင်ငံတကာ အဆင့်မီရေး ကြိုးစားရန် လိုပါတယ်။ သို့သော် လွတ်လပ်သော မူဝါဒကို ကောင်းမွန်စွာ တန်ဖိုးထားရေးနှင့် လွဲမှားနေတဲ့ လမ်းကြောင်းတစ်ခုပေါ်ကို လူငယ်တွေ အတုယူ ရေလိုက်မလွဲရန် အတွက်လည်း ထည့်သွင်း စဉ်းစားသင့် သေးကြောင်း တင်ပြလိုက်ရ ပါတယ်။ 

စုသက်နှင်း

By Venus News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ