ကားရိုက်နားတဲ့ ရက်တွေဆိုရင် သီချင်းဘက်ကို ပြန်ပြီး စီစဉ်ဖြစ်နေသူ ဝိုင်းစုခိုင်သိန်း


ကားရိုက်နားတဲ့ ရက်တွေဆိုရင် သီချင်းဘက်ကို ပြန်ပြီး စီစဉ်ဖြစ်နေသူ ဝိုင်းစုခိုင်သိန်းဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူး နေတဲ့ ချုပ်ရိုး(ယာယီ) ဇာတ်ကားကို ဝိုင်းစုခိုင်သိန်းက ဖြိုးငွေစိုးနဲ့ အတ ရိုက်ကူး နေပါတယ်။ ဒီဇာတ် ကားထဲ မှာဝိုင်းစုခိုင်သိန်းက သူဌေးသမီး ဖြစ်ပြီး ဘုဘောက် ပြောတဲ့ ကောင်မလေး အဖြစ် ဖြိုးငွေစိုးနဲ့ သရုပ်ဆောင် ထားပါတယ်။ ထွက်သမျှ အခွေတွေက ကိုယ်အနု ပညာဘဝ အတွက် မှတ်တိုင် တစ်ခုပါပဲလို့ ဝိုင်း စုခိုင်သိန်းက “ဝိုင်းစုက ကားရိုက်နားတဲ့ ရက်တွေ ဆိုရင် သီချင်းဘက်ကို ပြန်ပြီး စီစဉ်ဖြစ်တယ်။ သီချင်းရွေးတယ်။ ဘယ်အခွေမှာ ဘယ်လိုလုပ် ရမလဲဆိုတာ စဉ်းစား ဖြစ်တယ်။ သီချင်းကျ တော့ ကိုယ့်ရဲ့ စိတ်တိုင်းကျ ပုံဖော် ရိုက်ကူး လို့ရတယ်။

‘မျက်လှည့်’ အခွေဆိုရင် သီချင်းတွေကအစ ဝိုင်းစု တစ်ယောက် တည်း စိတ်တိုင်းကျရွေးထားပြီး အစအဆုံး တစ်ယောက်တည်း လုပ်ထားတယ်။ သီချင်းတွေ ရွေးရင်လည်း ပရိသတ် အနေနဲ့ ပရိသတ်နားနဲ့ နားထောင်ပြီး ရွေးဖြစ်တယ်။ ဆိုရင်လည်း ကြိုးစားပြီး ဆိုဖြစ်တယ်” လို့ ပြောပါတယ်။ ငယ်ငယ်တုန်းက သူနှစ် သက်တဲ့ ကာတွန်းလေး တွေ အကြောင်းကို ဝိုင်းစုခိုင်သိန်း က” ငယ်ငယ်တုန်းက ဆိုရင် ဝိုင်းစု တွတ်ပီ နဲ့ မောင် မောင်ဇာတို့ ကာတွန်း တွေ ကို ဖတ်ခဲ့တယ်။

ကာတွန်း ဖတ်တဲ့အခါမှာ ကလေး တွေ အတွက် အသိဥာဏ် လေးတွေ တိုးစေတယ်။ ဥာဏ်ရည် လည်း ပွင့် စေတယ်။ ကလေးတွေ စာဖတ်တဲ့ အကျင့် လည်း ရတယ်။ ဝိုင်းစု ကလေးဘဝကလည်း ကာတွန်းတွေ ဖတ်ပြီး ပျော်လည်းပျော်၊ ဗဟုသုတ လေးတွေ လည်းရခဲ့တယ်။ အခု ခေတ်ကလေး တွေကို လည်း ကာတွန်းလေး တွေကို ဖတ်စေချင် တယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
By Popular News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ