ကိုယ် သရုပ်ဆောင်တာကို ကြည့်ပြီး စိတ်တိုင်းမကျတဲ့ ဝါဆိုမိုဦး

ဝါဆိုက ဇာတ်ကား စရိုက် ကတည်းက ဇာတ်လမ်း ရွေးတယ်။ First မင်းသမီးတို့ Second မင်း သမီးတို့ ဆိုတာကို မကြည့်ဘူး။ ဝါ ဆိုအတွက် လုပ်ကွက်ရမယ့် ဇာတ် ကားမျိုး ဆိုရိုက်တယ်။ ဒါပေမဲ့ ဗီလိန်ခန်းတော့ တစ်ခါမှ မရိုက်ဖူး ဘူး။ တကယ်လို့ ဗီလိန်ဇာတ်ရုပ်ကို ရိုက်ဖို့ လာအပ်ရင်တောင် အဖြည် ပါရင်တော့ ရိုက်ဖြစ်မှာပါ။ ပရိသတ် မုန်းသွားမှာ ကိုတော့ မဖြစ်စေချင် ဘူး။ ရှေ့ခန်းမှာ ဗီလိန်၊ နောက်ပိုင်း မှာတော့ အဖြည်ပါရင် ရိုက်မှာပါ။ ဝါဆိုက ပရိသတ်ဆီက စကားသံ တွေလည်း နားထောင် ဖြစ်တယ်။ မင်းသား အသစ်တွေနဲ့ တွဲပြီးသရုပ် ဆောင်ရတာ အခက်အခဲ ရှိလားဆို တော့ မင်းသား အသစ်တွေနဲ့ တွဲ သရုပ်ဆောင်ရတာ အခက်အခဲ မရှိ ပါဘူး။ အဆင်ပြေ ပါတယ်။ ဝါရင့် သရုပ်ဆောင် တွေနဲ့ သရုပ်ဆောင်ရ တာလည်း အဆင်ပြေ ပါတယ်။ ဗီဒီ ယိုဈေးကွက် မကောင်းဘူး ဆိုတဲ့ သတင်းလည်း ကြားပါတယ်။

ဒါပေမဲ့ ဝါဆိုက ကိုယ်ဝါသနာပါတဲ့ အလုပ် ကို လုပ်ရတဲ့ အတွက် ပျော်တယ်။ ကြိုးစား ရတယ်။ အခု နောက်ပိုင်း သရဲကားတွေ တော်တော် များများ အရိုက်များ ပါတယ်။ ထုတ်လုပ်သူ တွေလည်း ကြားမှာပေါ့။ သရဲကား တွေ ပရိသတ ကြိုက်နေတယ်ဆို တာ။ သရဲကား၊ ဒရာမာကား၊ ဟာသ အကုန်လုံး ကတော့ သူ့ဟာနဲ့သူ ခက်တာပါပဲ။ တစ်ခါတလေ အခွေထွက်လာမှကိုယ်သရုပ်ဆောင်  လိုက် တာကို ကြည်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်း မကျတဲ့ အခါတွေလည်း ဖြစ်ဖူးတယ်။ ဝါဆိုက ဒီထက်ပရိ သတ်ချစ်တဲ့ အနုပညာရှင် တစ် ယောက်ဖြစ်ချင် သေးတယ်။ ပရိသတ်ချစ်အောင် လည်းကြိုးစားသွား မှာပါ။ ဝါဆိုအားတဲ့အချိန်တွေမှာ လည်း ဂျာနယ် Cover မဂ္ဂဇင်း Cover တွေရိုက်ဖြစ်တယ်။ ပရိ သတ်တွေနဲ့ အဆက် မပြတ်အောင် ပါ။

By 8Days A Week Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ