အားလပ်ချိန်တွေမှာ သားဖြစ်သူနဲ့ ဂေါက်ရိုက်လေ့ရှိတဲ့ မေ ၁ ရက် မွေးနေ့ရှင်ထွန်းအိန္ဒြာဗို

မေလ၁ရက်နေ့ မွေးနေ့ရှင်ကတော့ ထွန်းအိန္ဒြာဗိုပဲဖြစ်ပါတယ်။ ၁၉၆၆ခုနှစ် မေလ၁ရက်နေ့မှာ မွေးဖွားခဲ့တဲ့ထွန်းအိန္ဒြာဗို က အခုဆိုရင် ၄၇နှ စ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ ဘာမှ ထွေထွေထူးထူး မလုပ်ဖြစ်ခဲ့ဘူးဆိုတဲ့ ထွန်းအိန္ဒြာဗိုက.. “ကျွန်မသူငယ်ချင်းတွေက လည်း ခရီး လွန်နေကြတော့ မေလ ၄ရက်နေ့ကျမှပဲ ကျွန်မခြံထဲမှာပဲ မွေးနေ့ပွဲလေးလုပ်ဖြစ်မယ်။ ဒီနေ့က တော့ နိုးကတည်းက သားသားရော၊ ကိုအောင်မင်းထွန်းက တစ်လှည့်စီ နမ်းနေ ကြတာ့ တအားကို ဝမ်းသာစရာကောင်းပါတယ်။

မွေးနေ့ရယ်လို့ သီးသန့်ကြီးတော့ အရင်နှစ်တွေတုန်း ကလည်း မလုပ်ဖြစ်ပါဘူး။ လှူတယ်ဆိုလည်း မွေးနေ့မို့လို့လှူတယ်ဆို တာထက် ကြောင်းကျိုးညီညွတ်တဲ့နေ့တွေကို လှူဖြစ်ပါတယ်။ အဓိက ကတော့ မွေးနေ့က တော့ ကိုယ့်မိသားစုကတော့ ကိုယ့်ကိုယ်ပိုပြီးဂရုစိုက်ခံရတဲ့နေ့ပေါ့။ အခုတော့ အလုပ်တွေ နားနေတော့ အိမ်မှာပဲလာသ မျှ ဖေ့စ်ဘုတ်က ပရိသတ်တွေအားလုံးလည်း ကျွန်မကိုယ် တိုင်ပဲ အကုန်စာပြန်ဖြစ်တယ်။ အဲဒါလေး ကလည်း တကယ်ပီတိဖြစ်စရာ ကောင်းပါ တယ်။ သူငယ်ချင်း၊ မိတ်ဆွေ တွေရော၊ ပရိသတ် တွေကရော ဖုန်းတွေ တစ်နေကုန်ဆက်ပြီး Birthday wish  တွေ လုပ်ကြပါတယ်။ ဒီနှစ် မွေးနေ့ မှ သေသေချာချာ အားတာ နဲ့ တိုက်ဆိုင်သွားတာနဲ့ အားလုံးကို သေချာကိုယ်တိုင်ပဲလုပ်တယ်။ အရင် နှစ်တွေတုန်းက အလုပ်လုပ်နေရ တော့ အိမ်က မိသားစုတွေက ကိုယ့်ကိုယ်စားဝိုင်းပြီး ဖေ့စ်ဘုတ်က Birthday wish  တွေကို စာပြန် ပေးတာပေါ့။ ဒီနှစ်တော့ ကိုယ်တိုင်ပဲ အားလုံးကို ပြန် ပြီး တုန့်ပြန်ပါတယ်” လို့ ပြောပါတယ်။ ထွန်းအိန္ဒြာဗိုက ဇာတ်ကားတွေကို တစ်လတစ်ကား ပုံမှန်ရိုက်ကူးဖြစ်နေပြီး မေလ ၂ဝ ရက်နေ့မှာတော့   မြင့်မြတ်နဲ့ ရိုက်ကူး မှာဖြစ်ကြောင်း ပြောပါတယ်။ ဇာတ် လမ်းရှားပါးမှုတွေကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေကို လျှော့ချလိုက်တဲ့ ထွန်းအိန္ဒြာဗိုက အားလပ်တဲ့အချိန် တွေမှာ သားဖြစ်သူ အောင်ဗိုကောင်း သန့်နဲ့အတူ Golf ရေကူးတာတွေ လည်း လုပ်ဖြစ်ပါတယ်။ “Golf က တစ်ပတ်ကို ၃ရက်၊   ရေကူးတာတစ်ပတ်ကို၂ရက်လုပ် ဖြစ်တယ်။ ကျွန်မလည်း အားတော့ လိုက်ရိုက်ဖြစ်တယ်။ လိုက်ကူးဖြစ် တယ်။ မိဘ၂ယောက်စလုံးလုပ် တော့ သူလည်း ပိုလုပ်ဖြစ်တာပေါ့။ သူကိုလည်း လုပ်စေချင်တာနဲ့ မိဘ တွေကဝိုင်းလုပ်ပေးကြတဲ့ သဘော ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် လည်း လုပ်ပြီးသားဖြစ်တာပေါ့” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

 ခိုင်ဝေလွင်
Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ