အချစ်ရေးနဲ့ ပတ်သက်ပြီး အလုပ်ကို မထိခိုက် စေချင်ဘူးဆိုတဲ့ ချမ်းမီမီကို


အချစ်ရေးနဲ့ ပတ်သက်ပြီး အလုပ်ကို မထိခိုက် စေချင်ဘူးဆိုတဲ့ ချမ်းမီမီကိုအခုချိန်မှာ အချစ်ရေးနဲ့ ပတ်သက် ပြီးတော့ ဘာမှ မစဉ်းစား ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တွေ ပျက်သွားမှာ စိုးလို့ပါ။ အလုပ်ပျက်သွားမယ် ဆိုတာက အခုချိန်မှာ ချမ်းမီမီကိုက ဒီအနုပညာကို ချစ်တယ်၊ ပရိသတ်ကို ချစ်တယ်၊ ပရိသတ် အတွက် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်ဆို တော့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အလုပ်ကို မထိခိုက် စေချင်ဘူး။ အဲဒါကြောင့် အချစ်အကြောင်းကို မစဉ်းစားဘူး။ အလုပ်ကိုပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား သွားမယ်လို့ စဉ်းစား ထားပါတယ်။ ချမ်းမီမီကို အဆိုးတွေ မြင်တာ ခံရရင်တော့ ဝမ်း နည်းမိတဲ့ စိတ်မျိုးတော့ မဖြစ်မိပါ ဘူး။ သူကမသိလို့ ဖြစ်သွား တာပါ။ သူကမသိလို့ ကိုယ့်အပေါ် မကောင်းတဲ့ စိတ်တုံ့ပြန် တာပဲလေ။ မကောင်းတဲ့ စိတ်တုံ့ ပြန်တဲ့အခါမှာ ကိုယ်က ကောင်းတဲ့ စိတ်လေးနဲ့ ပြန်ပြီး မြင်ပေးတာ ကောင်းမယ်လို့ ထင်ပါ တယ်။ လတ်တလောက ဗီဒီယိုကား  တွေရိုက်ဖြစ်နေတယ်။ ဒရာမာ ဇာတ်ကားတွေ များလာတဲ့ အခါ စိတ်မော တာမျိုးတွေ ဖြစ်တတ်တော့ တရားပြန်ထိုင် ဖြစ်တယ်။ တရားထိုင်ရင် စိတ်က ငြိမ်းချမ်းနေတော့ နောက်ရိုက်မယ့် ကာရိုက်တာတွေ ထည့်ရတာလည်း ပိုကောင်း တာပေါ့။ တရား ထိုင်တာ လူကိုလည်းအ ထောက်အကူ ပြုပါတယ်။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ