အမျှင်ဓါတ်များစွာ ပါဝင်တဲ့အစားအသောက်တွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေနှုန်းကို လျှော့ချပေးနိုင်



ပျိုဖော်ဝင်စနဲ့ ဆယ်ကျော်သက်ကလေးငယ်ဘ၀မှာ အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအသောက်များ စားသုံးပေးခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေနှုန်းကို လျှော့ချပေးနိုင်တာကို လေ့လာချက်တွေအရ သိသာထင်ရှားစွာ သိရှိခဲ့ရပါတယ်။

 “ လေ့လာတွေ့ရှိချက်တွေအရ ရင်သားတစ်ရှုးတွေဟာ အထူးသဖြင့် Carcinogens နဲ့ Anticarcinogens တွေက ကလေးတွေနဲ့ ပျိုဖော်ဝင်စအရွယ်တွေမှာ အဓိက လွှမ်းမိုးနေပါတယ်။ ကျွန်တော်တို့ဆီမှာ ခုဆိုရင် ကလေးတွေကို အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကင်ဆာရောဂါတွေကို လျှော့ချနိုင်မယ့် အဓိကအချက်အလက်၊ အချိန်အခါတွေအပေါ်မူတည်ပြီး အစားအသောက်ကျွေးခြင်းဟာ အကျိုးရှိကြောင်း ထင်ထင်ရှားရှား သိရှိပြီး ဖြစ်ပါတယ်” လို့ Harvard University မှ အဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Walter Willett က ရှင်းလင်းပြောပြထားပါတယ်။

ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ အသက်ငယ်ရွယ်စဉ်မှာ အမျှင်ဓါတ်များများ စားသုံးသူ အမျိုးသမီးတွေဟာ ၁၂ ကနေ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်ပါသတဲ့။ အသက်ငယ်ရွယ်စဉ်မှာ အမျှင်ဓါတ်များများ စားသုံးသူတွေဟာ ပျမ်းမျှအားဖြင့် ၁၆ ရာခိုင်နှုန်းကနေ ၂၄ ရာခိုင်နှုန်းအထိ ကင်ဆာဆဲလ်တိုးပွားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ငယ်စဉ်မှာ နေ့စဉ်အစားအသောက်အတွင်း အမျှင်ဓါတ် ၁၀ ဂရမ်ထိ ထည့်သွင်းစားသုံးခြင်းဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို ၁၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ